Ep 20

4.1K 103 1
                                    


Uni

"ယံ....ခေါင်းအေးအေးထားပြီးစဉ်းစားပါအုံး"

ကျော်သက်လွင်လဲ ယံစကားကိုလက်မခံနိုင်ပေ စိတ်တိုနေတဲ့ချိန် စိတ်လို်က်မာန်ပါလုပ်မိကြပြီး နောက်မှနောင်တရမဲ့အဖြစ်မျိုးယံကိုထက်မဖြစ်စေချင်တော့

"ယံစဉ်းစားပြီးပြီကိုကို ယံသူနဲ့ကွာရှင်းမယ် သူလိုလူကအေဖမျဖစ္ထိုက္ဘူး"

"မဟုက္တာ ယံရယ်"

သူတို့မမြင်ရတဲ့ပြဿနာတစ်ခုကတော့ ဒီနှစ်ယောက်လုံးမှာရှိလိမ့်မည်။ ဒါပင်မဲ့လဲကလေးအတွက်ကမိသားစုစုံစုံလင်လင်ရှိစေချင်တာမို့သူယော အန်တီယောယံကိုထက်ပြီးနားချတားနေပင်မဲ့ ယံကသူ့ဆုံးဖျက်ချက်ကိုမပြင်နိုင်ဘူးဆိုကာ ကွာရှင်းဖို့ကိုပဲပြောသည်။ ကျော်သက်လွင်လဲ ဆက်မပြောချင်တော့တာမို့အခန်းပြင်ကိုထွက်လာလိုက်တယ်။ အခန်းပြင်ရောက်တော့ ဟန်သာနဲ့မာန်ကလျှောက်လမ်းကခုံတန်းမှာထိုင်နေတာမြင်တော့ သူတို့ရှိရာကိုလျှောက်လာလိုက်သည်။

"အကို အခြေအနေဘာထူးလဲဟင်"

ဟန်သာကအနားရောက်လာတဲ့ကျော်သက်လွင်ကို အမေးပြုတော့ မာန်ကလဲကျော်သက်လွင်ဆီကထွက်လာမဲ့စကားကို မျှော်လင့်နေသည်။ ကျော်သက်လွင်လဲသက်ပျင်းတစ်ချက်ချပြီး ပြောပြလိုက်သည်။

"ဟူး.....ယံကကွာရှင်းဖို့ပြောနေတယ်"

"ဘာ...ခင်ဗျားဘာတွေလာပြောနေတာလဲ ဘာလို့ယံကကျုပ်နဲ့ကွာရှင်းချင်ရမှာလဲ"

"မာန် စိတ်ကိုထိန်းအုံး"

ကျော်သက်လွင်စကားကြောင့် မာန်ဟာမက်တပ်ရပ်ကာ ဒေါသတကြိီးထပြောတော့ ဟန်သာကကြားဝင်ရသည်။ မျက်နှာချင်းဆိုင်မာန်ရှေ့ရပ်နေတဲ့ကျော်သက်လွင်က မာန်ဘာဖြစ်နေလဲဆိုတာရိပ်မိသည်။

"ငါတို့လဲတက်နိုင်သလောက်တားကြည့်ပြီးပြီ ယံကလက်မခံဘူး မင်းကအဖေမဖြစ်ထိုက်ဘူးတဲ့"

ကျော်သက်လွင်စကားဆုံးတော့ မာန်ဟာခုံတန်းအပေါ်အရုပ်ကြိုးပျက်သလိုပြန်ထိုင်ချသွားသည်။ သူကိုယံကမုန်းသွားပြီလား သူယံကိုအဆုံးရှုံးမခံနိုင်ဘူး ဘယ်လိုပဲဖြစ်ဖြစ်ယံကျေနပ်တဲ့ထိတောင်းပန်မယ် ယံသူကိုရိုက်ချင်ရင်ရိုက်သက်ချင်တောင်သေပေးဖို့အသင့်ပဲ ယံကိုတော့လုံးဝမကွာရှင်းပေးနိုင်ဘူး။ ကျော်သက်လွင်နဲ့ဟန်သာမှာလဲကြားလူဖြစ်တာကြောင့်စိတ်မကောင်းဖြစ်မိရုံကဘားမှမတက်နိုင်ခဲ့။

Unrepentant lover (Completed)Where stories live. Discover now