Ep 24

4.2K 110 1
                                    


Uni

မောင်ကယံကိုခွင့်လွှတ်ပါပြောပြီး သေနပ်ကိုမြှောက်လိုက်တာမို့ ယံမျက်လုံးကိုသာမှိတ်ချလိုက်တော့သည်။ မင်းကငါချစ်ရတဲ့သူမို့ ခွင့်လွှတ်မှာပါ မောင်...

"ဒိုင်း...."

ယံမျက်လုံးမှိတ်ထားပြီးတင်းခံနေပင်မဲ့ သေနပ်အသံကိုသာကြားလိုက်ပြီး နာကျင်မှုကယံဆီကိုရောက်မလာ သေချာပေါက်မောင်သေနပ်ကိုမြှောက်လိုက်တာပါ။

"ကိုမာန်.....!"

မောင့်နာမည်အော်သံကြောင့် ယံမျက်လုံးများဖွင့်ကြည့်လိုက်တော့....

"မောင်....!!"

"မဟုက္ဘူး!.....မဟုက္ဘူး!....မောင်အဲ့လိုလုပ်လို့မရဘူးလေ....မောင်!!!"

ကြမ်းပြင်ပေါ်လဲကျသွားတဲ့မောင်ရဲ့ရင်ဘက်မှာ သွေးတွေများစွာနဲ့ ဒါဆိုမောင်ကငါ့ကိုမပြစ်ပဲမောင့်ကိုယ်မောင်ပြစ်လိုက်တာပေါ့ မောင်ရယ်မင်းဘာလို့ဒီလိုလုပ်ရတာလဲ။

ထိုချိန်ဟန်သာနဲ့အတူရဲတွေကအခန်းထဲဝင်လာပြီး မေနဲ့သူ့လူတွေကိုဖမ်းချုပ်သွားတော့တယ်။ ဟန်သာကယံကိုကြိုးဖြေပေးပြီး ယံကြိုးတွေပြေသွားတာနဲ့ မောင်ဆီပြေးသွားလိုက်ကာ မောင်ကိုပွေ့လိုက်တော့တယ်။

"မောင်ဘာလို့ဒီလိုလုပ်ရတာလဲ....မောင်ငါကိုထားခဲ့လို့မရဘူးနော်....ဟင့်..."

မောင်ကသွေးတွေပေနေတဲ့လက်နဲ့ ယံမျက်နှာလေးကိုလှမ်းကိုင်ကာ မျက်ရည်တွေကိုသုတ်ပေးပြီး ယံမျက်နှာလေးကိုကိုင်ကာ.....

"ယံ....ယံကို မောင် အ ရမ်း ချစ်.....ချစ်တယ်......"

"မောင်!......"

ယံမျက်နှာထက်ကမောင်လက်တို့ကပြုတ်ကျသွားပြီး မောင့်မျက်လုံးတွေဟာမှိတ်ကျသွားတော့တယ်။

"မောင်...ငါခေါ်နေတယ်လေ မောင်ငါကိုကြည့်ပါအုံးလို့ မောင် မင်းကလေး...အား....အား ဗိုက်....အား"

ရုတ်တရက်ယံဗိုက်ထဲကမခံမရပ်နိုင်ထိုးအောင့်လို့လာကာ ယံဗိုက်ကိုဖိထားပြီး တအားအားအော်နေတာမို့ ဟန်သာယံကိုယ်လေးကိုဝင်ထိန်းလိုက်ပြီး ဆေရုံကားရောက်တာနဲ့ မာန်ကိုဆေးရုံကားပေါ်တင်ခေါ်သွားသည်။ ယံကိုတော့ရဲကားနဲ့ပဲဆေးရုံခေါ်သွားတယ်။

Unrepentant lover (Completed)Where stories live. Discover now