Osaka ရဲ့ အထက်တန်းကျောင်း တစ်ခုဖြစ်တဲ့ တစ်နေရာဆီသို့ပင် ကျောင်းဝန်းအတွင်း Sakura ပန်းတွေဟာဖုံးလွှမ်းနေလျှက် ပင်
School Bus အဝါလေးနှစ်စီးဟာ ကျောင်းဝန်းထဲတွင်ရပ်ထားလေသည်။ A ခန်းနဲ့ B ခန်းက ကျောင်းသားကျောင်းသူများဟာထိုကားအနားသို့ စုဝေးလာကြလေသည်။
" မြန်မြန်တက် .. နောက်ကျရင်ကျန်ခဲ့မှာနော် "
ဆရာရဲ့အော်သံကြောင့် ကောင်လေးတစ်ယောက် ပြာယာခက်ကာ ကျောပိုးအိတ်တောင်မလွယ်နိုင်ပဲ လက်တွင်ကိုင်ကာအသားကုန်ပြေးလာတော့လေသည်။
ဆံပင်လေးတွေဟာချွေးလေးတွေစိုရွှဲနေခဲ့ပီး အသားတွေဟာဖြူအုနုဖက်နေသည့် ကောင်လေး ၊ ရွှေဝါရောင်ဆံပင်လေးနဲ့ ရီလိုက်ရင် ချိုင့်ပီးနစ်ဝင်သွားတဲ့ ပါးချိုင့်လေးနှစ်ခု၊ ဤ အရာတွေကြောင့်ပဲ ကျောင်းမှာနာမည်ကြီးလှသည်။
နာမည်မှာ HAMADA ASAHI , A Group ရဲ့ တစ်ဦးတည်းသောသားဖြစ်လေသည်။ ချမ်းသာတဲ့အသိုင်းဝိုင်းက ဆင်းသက်မွေးဖွားလာတဲ့ ငဂျစ်လေးတစ်ယောက်ဖြစ်သည်။ ကျန်တဲ့နေရာတွေမှာ မောက်မာမှုမရှိ ၊ ခင်မင်မှုတွေကြားရှင်သန်နေတတ်ပေမဲ့
လိုချင်တာကိုမရရအောင်ယူတတ်တဲ့ အကျင့်တစ်ခုကတော့ပြင်မရပေ ။
" ကဲ လူစုံပီလား "
" Hai sensei " ဟုတ်ကဲ့ ဆရာ
" ကဲ ဆရာတို့ ဒီနေ့ Osaka ရဲ့ Castle ကိုသွားကြမှာနော် သိပီးကြပီမလား "
" Hai "
" လေ့လာရေး ခရီးဖြစ်တာမလို့ ရှင်းပြတာတွေအကုန်ရေးမှတ်နော် ဆရာ့အချိန်မှာ အကုနါပြန်မေးမှာ "
" Hai "
တစ်ညီတစ်ညွှတ်ထဲ အော်သံကြောင့် ဆရာပြုံးမိလေသည်။
At Osaka Castle ,
" Kotaro... Kotaro "
ရုတ်တရက် အဆာဟိခေါ်သံကြောင့်လှည့်ကြည့်လိုက်တဲ့ Kotaro ဟာ ဆာဟိရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုသူပင် ၊ အဆာဟိတစ်ယောက် အရမ်းချမ်းသာသော်လဲ စည်းကမ်းတင်းကြပ်တာကြောင့် အိမ်ထဲကအိမ်ပြင်လဲမထွက်ရသလို အပြင်စာတွေလဲမကျွေးတာကြောင့် Kataro အားအတင်းခေါ်တာ okonomiyaki အတင်းဝယ်ကျွေးခိုင်းတော့သည်။
YOU ARE READING
REFLECTION'S MIND (YOSAHI) Complete
Fanfictionမရှောင်ပါနဲ့... ကိုကို ၊ သိပ်ချစ်မိလို့ လိုက်ကပ်တွယ်နေမိတာ အဲ့လိုပုံစံနဲ့ကျွန်တော့ကို မနှင်ပါနဲ့