အနောက်မှ ရုတ်တရပ် အက်ရှရှအသံတစ်ခုက နားထဲသို့ပင် ၊ ရင်ဘက်ထဲ ဒိန်းခနဲ
" ချာတိတ် "
ထိုအသံကြောင့် ချွေးတွေပျံလာပီး ၊ တံခါးလက်ကိုင်ကို ကိုင်ထားတဲ့ လက်တွေဟာ တုန်ရီလာတော့သည်။
" ချာတိတ်...မင်းငါ့ဆီလာတယ် ? "
ဂရုမစိုက်ကာ တံခါးဆွဲဖွင့်ပီး ပြေးထွက်မယ်အလုပ် ယိုရှီတစ်ယောက် နောက်ကလိုက်ရန်
ကုန်းထလိုက်ပီး ကုတင်ပေါ်ကအဆင်း" ဝုန်း "
နောက်လှည့်ကြည့်လိုက်တော့ ယိုရှီဟာ ကုတင်အောက်မှာပုံရပ်သား ၊ ထိုအခါမှ အသဲအသန်ပြေးသွားပီး
" ဘာလို့ထလာတာလဲ ခင်ဗျားရယ် "
" မင်းက ကိုယ့်ကို အရေးတောင်မလုပ်ပဲ ပြန်တော့မှာမလား "
" ကျစ်.. ခက်တယ်ဗျာ .. လာ ထ ကုတင်ပေါ်ပြန်ထိုင် "
ဆေးသွင်းထားတဲ့လက်ဟာ အနဲငယ် ပေါက်သွားပီး သွေးနဲနဲက tube ထဲသို့ ပြောင်းပြန်ဆင်းသွားသည်။ ခဏအကြာ Nurse ကို သွားခေါ်ပီး ပြန်လုပ်မှသာ အဆင်ပြေသွားလေသည်။
တိတ်ဆိပ်လှပီး ဆိုးရွာစွာဆေးရုံအနံ့တွေနဲ့ပြည့်ညှက်နေတဲ့ ဒီအခန်းထဲက လူနှစ်ယောက် ၊ ဘာစကားမျှထွက်မလာပဲ ၊ စကားကိုဘယ်ကစပြောရမှန်းမသိအောင် တိတ်ဆိတ်နေခဲ့သည်။
မနေနိုင်တော့ တဲ့ယိုရှီကသာ စတင်ပြောရတော့သည်။" အဆင်ပြေရဲ့လား "
ပြောနေပုံက တည်ကြည်လွန်းသည့်မျက်နှာနှင့် စိတ်ငြိမ်နေပုံပေါက်တဲ့အပြင် လူကြီးလူကောင်းဆန်ဆန် ပြတ်သားလှသည့်အသံ
" အင်း "
" ကျေးဇူးတင်ပါတယ်...အခုလိုလေးတွေ ကိုယ့်ကို လာလုပ်ပေးလို့ "
" ရပါတယ် .. မေမေ လွှတ်လို့လာတာပါ "
မင်းလိမ်တယ် ချာတိတ်ရာ တီလေးလွှတ်ရင် နေ့ခင်းနေ့လည်လာရမှာပေါ့ ၊ ဘာလို့ လူအိပ်ချိန်မှလဲ ၊ မင်း မလိမ်တတ်သေးဘူးခလေး ။
" အော်.. တီလေးလွှတ်လိုက်တာလား ၊ သူရော သက်သာရဲ့လား "
ကို့အတွက်ကိုယ်ပဲ စိတ်ပူပါ ခင်ဗျားရယ်လို့ ပြောလိုက်ချင်မိတယ် ၊ ဒီလောက် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခင်ဗျားဘယ်လိုများဖြတ်သန်းခဲ့သလဲ ၊ ကျူပ်ကိုစိတ်ပူအောင် သိပ်လုပ်တာပဲ ခင်ဗျားရာ ....
YOU ARE READING
REFLECTION'S MIND (YOSAHI) Complete
Fanfictionမရှောင်ပါနဲ့... ကိုကို ၊ သိပ်ချစ်မိလို့ လိုက်ကပ်တွယ်နေမိတာ အဲ့လိုပုံစံနဲ့ကျွန်တော့ကို မနှင်ပါနဲ့