တပတ်ကြာသောအခါ
အမြဲကောင်တာမှာ ထိူင်ထိုင်နေတတ်တဲ့ကောင်လေးဟာ အမြဲအဝင်ဝတံခါးကနေ တစ်ယောက်ယောက်ကိုမျှော်တတ်လာသည်။
" ဟဲ့ အဆာဟိ .. နင်ဘာလုပ်နေတာလဲ "
" ဟမ်.. ဟို မဟုတ်... "
" ဘာမဟုတ်တာလဲ နင့်မျက်ဝန်းတေကို ငါဖတ်တတ်တယ်နော် "
" နေစမ်းဟာ.. ကွကိုသာ လုပ်စရာရှိတာလုပ် ၊ ပီးရင် ဂျုံကားလာတော့မယ် "
" အဲ့တာကနောက် , ညနေကျရင် Apex က နင့်ဆ်ုင်ကိစ္စအတွက်လာလိမ့်မယ် ၊ ရေပိုင်း မီးပိုင်းပေါ့
အဲ့တာ တက်ရမဲ့ ပိုက်လိုင်းနေရာတွေ နင်ဘယ်ဘက်က ဖြတ်ထုတ်မလဲ သေချာပြောပြပေးလိုက် "" ဟမ်... Apex ကလား "
" အေးလေ နင်ကလဲ ဂွစာ နော် ၊ နင် Apex နဲ့ မချုပ်လို့ ဘယ် Company နဲ့ချုပ်ထားလို့လဲ "
" အာ့ဆို ညနေလာမှာပေါ့နော် ... "
" အေး စာရွက်စာတန်းနဲ့ စရံငွေအဆင်သင့်ပြင်ထား "
" အင်းပါ "
Apex ဆိုတာနဲ့ အဆာဟိတစ်ယောက် ယိုရှီကိုသာပြေးမြင်မိတာအမှန် ၊ အခုလဲ ယိုရှီလာမည်အထင်နဲ့ အရင်ကထက် ပိုသန့်ပြန့်အောင်ပြင်ဆင် ရင်းထိုင်စောင့်နေလေသည်။
ထိုစဉ် BMW ကား တစ်စီးပေါ်က Black suit အပြည့်နဲ့လူတစ်ယောက်ဆင်းလာလေသည်။
သေချာကြည့်နေပေမဲ့ ဘယ်သူမှန်းသူမသိ ၊။ အနားရောက်တော့ မျက်မှန်ချွတ်လိုက်မှ ပတ်ဂျီဟွန်းဖြစ်နေတာကိုသိတော့သည်။
ဆိုင်ထဲရောက်တော့ အဆာဟိက အံ့ဩသွား၍ တံခါးဝထိရောက်လာပီး လက်ဆွဲနှုတ်ဆက်ကြသည်။
" ထိုင်ပါ အကို "
" ဟုတ်ကဲ့ "
" ဒါနဲ့ အကိုက ဘာကိစ္စရှိလဲမသိ "
" Soya မပြောထားဘူးထင်တယ် ၊ အကိုက Apex က CEO ပါ "
" ဗျာ... ဒါဆို ဟို.. ?? "
" ညီ့ပုံစံက အကိုမဟုတ်တဲ့ အခြားတစ်ယောက်လာမှာကို မျှော်နေပုံပဲ "
" မဟုတ်ပါဘူး ၊ ဒါနဲ့ အကိုက အကို့ဝန်ထမ်းတေကိုလွှဲလိုက်လို့ရရက်နဲ့ ဘာလို့ ကိုယ်တိုင်လာရတာလဲ "
YOU ARE READING
REFLECTION'S MIND (YOSAHI) Complete
Fanfictionမရှောင်ပါနဲ့... ကိုကို ၊ သိပ်ချစ်မိလို့ လိုက်ကပ်တွယ်နေမိတာ အဲ့လိုပုံစံနဲ့ကျွန်တော့ကို မနှင်ပါနဲ့