Episode ( 4 )

157 26 8
                                    

" ကိုကိုက ဒီမှာနေတာလား "

" အင်း "

" ဘာလို့လဲ နေရာကျဉ်းလို့လား "

" ဟင့်အင်း ရပါတယ် နေတတ်တယ် "

" တီလေးက Saitama ကိုခဏပြန်သွားတယ် "

" အ‌ဒေါ်နဲ့နေတာလား "

"အင်း"

"မိဘတွေကျကော ?? "

"...."

ဆာဟိတစ်ယောက်မမေးသင့်တာကိုမေးလိုက်မှန်းသူ့ကိုသူသိတာကြောင့် အသံတိမ်ဝငိသွားပီ ပါးစပ်ကိုလက်လေးနဲ့အမြန်အုပ်လိုက်လေသည်။

ယိုရှီ တစ်ချက်ပြုံးကာ

" ဒီမှာ ခဏထိုင် ကိုကို မင်း‌သောက်ဖို့အအေးသွားယူဦးမယ် "

" ဟုတ် ဒါနဲ့ကိုကို ... "

" ဗျာ "

" စတွေ့တဲ့နေ့တုန်းကလို ကျွန်တော့ ကို ပန်‌ကိတ်လေးလို့ခေါ်ပါလားဟင် "

ယိုရှီအနည်းငယ် စိတ်ကျဉ်းကျပ်သွားက အနဲငယ်မျက်ခုံးတွန့်သွားသည်။

အဟက် ဒီကောင်က နဲနဲလောက်အခွင့်အရေးပေးမိရင် ကမ်းတတ်ချင်တာပဲ ။

ထိုစဉ် ဆာဟ်ိဘက်ပြန်လှည့်ပီး မျက်နှာချိုသွေးကာ ထိုင်နေတဲ့ ဆာဟိ ပုခုံးလေးအားကိုင်ပီး

" ခေါ်မှာပေါ့ ပန်ကိတ်လေးရဲ့ ပြွတ် "

နှာဖူးလေးကို အမှတ်တမဲ့ နမ်းလိုက်ကာ ထထွက်သွားတာကြောင့် ကျန်နေခဲ့တဲ့သူမှာရင် တလှပ်လှပ်နှင့် နှလုံးခုန်သံဟာ ပေါက်ထွက်မတတ်ပင်

" ရော့.... "

" ဘာအရသာလဲ "

" ပန်ကိတ်သိပ်ကြိုက်တဲ့ ကီဝီ "

" ကိုကိုသိနေတယ် "

" ဒါပေါ့ "

"ခ်ခ် "

" မင်း သိရဲ့လားပန်ကိတ်.... မင်းကိုရက်စက်စွာ စွတ်စွဲမိခဲ့တဲ့ငါ့က်ုငါမုန်းတယ် ၊ ပီးတော့ မင်းနဲ့မတွေ့ရတဲ့နေ့တွေမှာဆို ငါအိပ်လို့တောင်မပျော်ခဲ့ဘူး "

ဆာဟိတစ်ယောက် အအေးခွက်လေးကိုင် ထားရင်း မျက်နှာလေးက ရဲလာတော့သည်။

အအေးသောက်ထားတာကြောင့် နူးညံ့ပီးအိစက်လှတဲ့နှုတ်ခမ်းလေးအာ ယိုရှီမြင်၍ ဇလုတ်တစ်ချက်လှုပ်ကာ တံတွေးမျိုချမိသည်။

REFLECTION'S MIND (YOSAHI) Complete Where stories live. Discover now