Episode ( 6 )

166 25 0
                                    

၆နှစ်ကြာပီးသော် ,

" မေမေလေး..... "

" ဟယ်... သားသား မေ့သားလေး "

" ဒါတွေ ဘယ်နားချရမလဲ သားကိုပြောဦး "

" ဒီနားလေးပဲသားသား ... "

" ဟုတ် "

" လာဦး မေ့သားလေး..ချွေးတွေချည်းပဲ ဆိုင်ထဲဝင်တော့သားသား ၊ ဟိုမှာ Soya လေး အထဲမှာရှိတယ် "

" ဟုတ်မေမေလေး "

တကယ်တော့ ဆာဟိနဲ့ သူ့မေမေက Saitama ဘက်ကို သူ့အဖေဆီက ပိုင်ဆိုင်ခွင့်တစ်ချို့ ရယူခဲ့ပီးနောက် Donut ဆိုင်လေးကို သူနဲ့သူ့မေမေကိုယ်တိုင်ဖွင့်ခဲ့သည်ပေါ့ ။ မေမေလေးက ဆာဟိအပေါ်အရမ်းသံယောဇဉ်ရှ်ိတာကြောင့် ၊ သု့အဖေနဲ့ကွာရှင်းပီးနောက် သူ့စကားအတိုင်း အဆာဟိကိုပါအောင်ခေါ်လာခဲ့သည်။

အမွေတွေလဲ မေမေလေးက တပြားတစ်ချက်တောင်မယူပဲ သူ့အအကုန် ပြန်လွှဲပေးထားသည်။
မေမေလေးကို ဘယ်နည်းနဲ့မှ မခွဲနိုင်တာကြောင့် ယခုအထိ ၆နှစ်ကြာ မေမေလေးနဲ့ တစ်မိုးအောက်ထဲနေပီး ဆိုင်လေးတစ်ခုဖွင်းရင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြသည်။

" Soya "

" ဟယ် အဆာဟိ နင်ဘယ်တွေသွားနေတာလဲ ၊ငါစောင့်နေတာကို "

" ငါ ဂျုံကားရောက်နေ‌လို့ အရှေ့ခဏထွက်သွားတာပါ နင်ကလဲ ၊ အခုရော ဘာကိစ္စလဲ "

" မွေးနေ့ ပွဲ "

" ဟမ်...နင့်‌မွေးနေ့က အဝေးကြီးလိုသေးတယ်မလား "

" မဟုတ်ဘူးလေ အဆုံးထိနားထောင် ၊ ငါ့ရဲ့ Ex မွေးနေ့ပွဲဟေ့...သူက ကိုရီးယားလူမျိုး "

" အဲ့တော့ ငါနဲ့ဘာဆိုင်လို့လဲ "

" ငါက ငါ့မှာရည်းစားရှိတယ်ဆိုပီး လက်စားချေချင်ဇောနဲ့ အာချောင်ထားမိတာဟာ အဲ့တာ.. "

" ဟေး ဟေး တော် တော် ငါ အဲ့ကိစ္စတော့မကူညီပေးနိုင်ဘူး နင်အရမ်းရှုပ်တယ်ဟာ ပြသာနာပဲ "

" လုပ်ပါဟာ.... ကူညီပါ , နင်ကူညီရင် ဖေဖေ့ ရဲ့ Company မှာ ရင်နှီးမြှပ်နှံမှု ငါအပြည့်အဝကူညီမယ် "

" နင်မကူညီလဲ အန်ကယ်က ငါနဲ့စကားပြောပီးသား ဟွန်း လူလည်မလေး "

REFLECTION'S MIND (YOSAHI) Complete Where stories live. Discover now