Hamada Aoki နဲ့ Hamada Asahi ဟာ နှစ်မိနစ်
သာ ခြားတဲ့ အမွှာလေးတွေဖြစ်ကြသည်။
OSAKA ဆိုတဲ့ မြို့မှာ မွေးဖွားသန့်စင်ခဲ့လေသည်။တစ်နေ့
" နာလိုက်တာ..... ထွက်တော့မယ် ထင်တယ် "
" အားတင်းထား မိန်းမ .... မွေးခန်းထဲရောက်တော့မယ်နော်"
" နာတယ်လို့..."
" ငါပြောပါတယ် ဗိုက်ထဲက နှစ်ယောက်ကို တစ်ယောက်ဖျက်ချဖို့ ပြောခဲ့ရဲ့သားနဲ့ အခုတော့ "
ထိုစဉ် Nurse က ကြားပီး
" ရှင် ဘာတွေလာပြောနေတာလဲ , စကားကိုဆင်ခြင်ပြောပေးပါ ; ကလေးဆိုတာ ရတနာရှင့် လိုချင်တိုင်းလဲမရဘူး "
" ကျွန်တော်က ... ?? "
" အခုမွေးတော့မှာဆိုတော့ တံခါးပိတ်ပီ ဖယ်ပါ "
Nurse က စိတ်တိုသွားပီး Operation တံခါးကိုဆောင့်ပိတ်သွာသည်။
၄နာရီကြာပီးနောက် ,
" သခင်ကြီး Hamada San စိတ်ကိုအေးအေးထားပီးနားထောင်ပေးပါ "
" ဟုတ်ကဲ့ "
" သခင်မကြီး က ဂျပန်စံတော်ချိန် ၉:၂၁မိနစ်မှာပဲ ဆုံးပါးသွားခဲ့ပါပီ "
" ဘာ မ မဖြစ် ? "
" အငယ်ဆုံးလေးကို မွေးဖွားပြီးချိန် အောက်စီဂျင်ရော ၊ သွေးပေါင်ပါ ထိုးကျသွားတာကြောင့် ပါ ၊ အတတ်နိုင်ဆုံးကယ်ကြည့်ပါသေးတယ် , မမှီနိုင်တော့တာ တောငိးပန်ပါတယ် "
" တောက်...... ရှင်မရယ် အကို့ကို ထားခဲ့ပီလားကွာ ၊ သားလေးနဲ့ ကိုယ့်နဲ့ အတူ ပျော်စရာတွေဖန်တီးမယ်ဆို အခုတော့ .... "
နှစ်နှစ်ဆယ်ကြာသောအခါ ;
" ရှင်မ... မင်း Asahi ကို အလိုလိုက်နေတာငါမကြိုက်ဘူး "
" ဘာလဲ ရှင်က တန်းတူမထားဘူးဆိုတဲ့သဘောပေါ့ : ဒီနေ့မှ တက္ကသိုလ်စတက်တာ ဘာလို့ကားကိုသိမ်းလိုက်တာလဲ "
" ငါ့သဘော "
" ဘာကို ငါ့သဘောလဲ ရှင် အရင်ကအတိတ်ဆိုးတွေက အခုထိကို အတောမသတ်နိုင်သေးတာလား ၊ အံ့ဩမဆုံးဘူး "
" သူ့အမေကို သူကိုယ်တိုင် သတ်ခဲ့တာ ပီးတော့ ၊ သူ့ကြောင့် ငါ့စီးပွားရေးတွေထိုးကျလာတာ မင်းအသိဆုံးပါ "
YOU ARE READING
REFLECTION'S MIND (YOSAHI) Complete
Fanfictionမရှောင်ပါနဲ့... ကိုကို ၊ သိပ်ချစ်မိလို့ လိုက်ကပ်တွယ်နေမိတာ အဲ့လိုပုံစံနဲ့ကျွန်တော့ကို မနှင်ပါနဲ့