အဆာဟိတစ်ယောက် အိမ်ပြန်ရောက်တော့ ဘာလို့မှန်းမသိပျော်နေသည်ပေါ့....
ည ၈ နာရီ ထိုးသော်လဲ ယိုရှီဟာရောက်မလာ ။" မေမေ... "
" သားငယ် ပြောလေ "
" ဟို... ဟိုလေ "
" ပြော လေ "
" ဟို ကိုကို ကမလာသေးဘူးလား "
ဘုရားရေ .. ကိုကိုတဲ့လား ? ၊ သားငယ်က သားကြီးကို ကိုကိုလို့ခေါ်လိုက်တာပဲ ငါနားကြားမမှားလောက်ပါဘူး
" ကိုကို က မပြောသွားဘူးလားသားကို "
" ဟို .... KOBE ?? "
ထိုစဉ် စကားကိုတောင်ဆုံးအောင်နားမထောင်ပဲ အပြင်သို့ပြေးထွက်သွားတော့သည်။
" ဟဲ့... အော် ဒီကလေး ၊ KOBE မှာ Apex company အခွဲထောင်ဖို့ ဒီည meeting ရှိလို့နောက်ကျမယ်ပြောမလို့ကို "
သေချာသည် ။ ဒီပုံစံတိုင်းဆို ပတ်ဂျီဟွန်းတို့အိမ်သို့ ဦးတည်နေသည်ဆိုတာ ။
" ပတ်ဂျီဟွန်.. ပတ်ဂျီဟွန်း "
" အာ ... အဆာဟိ Bell တီးလဲ ရတာကို ဘာလို့ အဲ့လောက်အော်ပီး ထုနေရတာတုန်း "
" ဟို ကိုကို.. အဲ အကိုယိုရှီ ရှိလားဟင် "
" ဟင် မင်းကိုသူမပြောဘူးလား "
" ဟင့်အင်း "
" သူ KOBE က .. "
" ရပီ အကို ကျေးဇူးပါပဲ "
" အော် ဆုံးအောင်နားမထောင်ဘူး ၊ အမြဲသူ့စိတါပဲ ၊ ယိုရှီ လဲ ဒီ ရစ်လုံးလေးကို ဘာလို့များသဘောကျနေလဲ မသိ ၊ ခက်တယ် "
ကိုကို ခင်ဗျား ကတိမတည်ဘူး ၊ ကျုပ်ကိုထားခဲ့ပြန်ပီ။ ဒါနဲ့ဆို သုံးခါရှိပီ ၊ မုန်းလိုက်တာ ၊ ကိုကို့ကို ကျွန်တော်သိပ်မုန်းတယ် ။
စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာပီး ၊ တံခါးဝက မေမေ့အာ သူတွေ့သော်လဲ စိတ်နဲ့ကိုယ်နဲ့ မကပ်ပဲ အိမ်ထဲသို့ တွေဝေနေတဲ့ စိတါတွေပိုက်ပီး ဝင်သွားလေသည်။
"သားငယ် နောက်ကျနေပီ ၊ ဘယ်တွေသွားနေတာလဲ ၊ ပေးကားသော့ "
" ဗျာ "
" နောကိ အဲ့လို အချိန်မတော် မထွက်ရဘူး ၊ ညဘက်ဆို မေမေကားသော့ထုတ်မပေးဘူး ကြားလား "
YOU ARE READING
REFLECTION'S MIND (YOSAHI) Complete
Fanfictionမရှောင်ပါနဲ့... ကိုကို ၊ သိပ်ချစ်မိလို့ လိုက်ကပ်တွယ်နေမိတာ အဲ့လိုပုံစံနဲ့ကျွန်တော့ကို မနှင်ပါနဲ့