Episode (2)

209 28 9
                                    

2 years later ,

ကျောင်းတော်ကြီးရဲ့အလယ် , လှပလွန်းတဲ့ ရေပန်းကြီးဟာ ဆာကူရာပန်းတွေကြား ဂုဏ်ရောင်ဂုဏ်ထည်လှပစွာ တည်ရှိနေခြင်းပင်

ဒီနေ့က တက္ကသိုလ်စတက်တဲ့မိူ့ကျောင်းသားတွေဟာ ကျောင်းအတွင်း စည်ကားနေခြင်းပင်

မုဒ်ဝရှေ့က ကွေ့ဝင်လာတဲ့ BMW ကားကိုတွေ့ပီး လူတိုင်းအံ့ဩမင်သက်ကြလျှက် ‌အားလုံးနီးပါးငေးကြည့်နေမိကြသည်။

တီရှပ် အကျီအဖြူလေးနှင့် စတိုင်ပန်အနက်ရောင်က်ုဝတ်ဆင်လာပီး အိပ်လေးတစ်လုံးအားလွယ်ဆင်းလာတဲ့ Hamada အိမ်တော်ရဲ့ တစ်ဦးတည်းသောသား အဆာဟိဆိုသူပင်

ကျောင်းရောက်တာနဲ့ Kotaro နဲ့ပေါင်းပီး ကန်တင်းဆီသို့သာ

" ဟျောင့် အတန်းသွားမတက်ဘူးလား "

" ငါရှာစရာလူရှိလို့ပါကွာ ခဏ‌ငါနဲ့စောင့်ပေးလို့မရဘူးလား "

"မုန့်ဝယ်ကျွေးမှာလား "

" အင်း ကျွေးမယ်ကွာ ထိုင်နေ "

ညနေစောင်းသည်အထိ မျှော်နေသူဟာ တစ်နေ့လုံးပေါ်မလာခဲ့ပေ ။

ထို့ကြောင့် လက်လျှော့ပီး အိမ်သို့ပြန်ခဲ့သည်။

နောက်တစ်နေ့ လူတစ်ယောက်ကိုရှာဖို့ ပလန်ပြောင်းလိုက်ပီး တစ်ကျောင်းလုံးနှံ့အောင်ကားနဲ့ပတ်ရှာတော့

ဟော.. တွေ့ပါပီ... Civil ဘက်က ကန်တင်းတစ်ခုမှာ

ဒါဆို ကိုကိုက Civil ကလား ? သေလိုက်ပါတော့

ငါကတော့ EP ထင်ပီး လျှောက်လိုက်မိတာ

ဆာဟိတစ်ယောက်သူ့နှဖူးသူရိုက်လိုက်တော့သည်။

သို့သော် သူမြင်နေရတဲ့ ယိုရှီကတော့ ကောင်မလေးနဲ့ ကန်တင်းထိုင်နေခြင်းသာဖြစ်သည်။

မတုံ့မဆိုင်းပဲ ယိုရှီ့အနားသို့ဝင်သွားခဲ့ပီး

" ကိုကို "

ထို နာမ်စားအသုံးအနှုံးကြောင့် ကောင်မလေးရော ယိုရှီကပါ အံ့ဩတကြီးမော့ကြည့်လာသည် ။

" ဘယ်သူ့ကို ခေါ်လ်ုက်တာလဲ "

" ကိုကို့ ကို မို့လို့ ကိုကိုလို့ခေါ်တာပါ "

REFLECTION'S MIND (YOSAHI) Complete Where stories live. Discover now