ဆာဟိအိုခါးစံဟာ ဂျင်စင်း ဆေးရည်ပူပူလေးကို
သားဖြစ်သူကိုတိုက်ဖို့ ဆိုင်သို့ထွက်လာခဲ့လေသည်။Soya ကိုနမ်းနေတဲ့ အနမ်းဟာရပ်တန့်သွားခဲ့ပီး
ယိုရှီဖက်သို့လှည့်၍ ခပ်ရွဲ့ရွဲ့ပြုံးကာ" ဂျီဟွန်းစံ မပြောထားဘူးဆိုတော့ မိတ်ဆက်ပေးရဦးမယ် ယိုရှီနိုရီ "
Soya ရဲ့ ပုခုံးအား အတင်း ဖက်ကာညှစ်ထား၍
ငါ့ဇာတ်ခုံပေါ်နင်လိုက်ကပေးဆိုသည့်ပုံစံဖြင့်" သူက ကျွန်တော့ချစ်သူလေ ၊ ငယ်သူငယ်ချင်းဆိုလဲ မမှားဘူးပေါ့ , ဘေဘီ သူက ယိုရှီနိုရီတဲ့ မောင့်သူငယ်ချင်းလဲ ဟုတ်သလို ဘေဘီ့သူငယ်ချင်းဂျီဟွန်းရဲ့ သူငယ်ချင်း ဆိုလဲဟုတ်တယ် "
" ဒါဆို နင်... အယ်... မောင်တို့ကသိနေကြတာလား "
" အင်း ဆိုပါတော့ "
ယိုရှီဟာ တုတ်တုတ်မျှမလှုပ် အဆာဟိပြောသမျှကို မျက်နှာလေးညိုးပီး မျက်ရည်ဝဲကာ ကြောင်ကြည့်နေမိသည်။
စိတ်ညစ်ညစ်နဲ့ Laptopအိတ်ထဲထည့်ကာ အဆာဟိအား ဘာမှမပြောပဲ ပြန်သွားသည်။
ထိုစဉ် တံခါးဝတွင် ဆာဟိမေမေနဲ့တိုက်မိတော့သည်။
" ခလွမ်း.... "
" အ "
" ရတယ် ရတယ် ပြန်မကောက်တော့နဲ့ ၊ သား လက်တွေ အပူလောင်သွားပီ "
" ဟို ရတယ်.... အန်တီ "
ယိုရှီဟာ ထိုအမျိုးသမီးအားရုတ်တရက်ကြည့်လိုက်မိတော့
" တီလေး....."
" ဟယ် .... သားငယ် "
ယိုရှီက မျက်ရညိတွေဝဲ မဲ့ပြုံးပြုံးလျှက် အလျှက်အမြန်ထွက်သွားတော့မို့လုပ်ပေမဲ့ လက်ကိုအတင်းဖမ်းဆွဲထားမိလေသည်။
" သား သားရယ်နေပါဦး တီလေးရှင်းပြတာ ခဏလေး "
" လွှတ်ပါ.... "
ယိုရှီရဲ့လက် ဖြူဖြူအုအုလေးဟာ အပူလောင်ထားပီး လက်ကိုဆွဲမိလိုက်တာကြောင့် လက်ဖမိုးက အရည်ခွံဟာ နီရဲ၍ ကွာကျသွားလေသည်။
ထိုဖြစ်စဉ်အား အဆာဟိနဲ့ Soya က ကြောင်အစွာရပ်ကြည့်နေမိသည်။
YOU ARE READING
REFLECTION'S MIND (YOSAHI) Complete
Fanfictionမရှောင်ပါနဲ့... ကိုကို ၊ သိပ်ချစ်မိလို့ လိုက်ကပ်တွယ်နေမိတာ အဲ့လိုပုံစံနဲ့ကျွန်တော့ကို မနှင်ပါနဲ့