Episode (3)

176 25 5
                                    

" ကိုကို့ ကို ကျွန်တော်မုန်းတယ် "

တပတ်‌ကြာသော် ,

စိမ်းသက်သက် သူစိမ်းဆန်လှတဲ့ လေပြေဟာ ဆာဟိရဲ့ မျက်နှာသို့တိုးဝှေ့လာလျှက် Bus စီးရန်စောင့်နေလေသည်။

တစ်ပြိုင်နက်ထဲမှာပဲ ဘေးနားက အရပ်ရှည်ရှည် အသားဖြူဖြူကောင်လေးတစ်ယောက်က လာရပ်လေသည်။

" ဟမ် .. အဆာဟိ "

ပတ်ဂျီဟွန်းက အံ့ဩတကြီးပြောလာတာကြောင့်
ယိုရှီဟာဘေးကိုကြည့်လိုက်လေသည်။

" ယိုရှီ... အဲ့တာ အဆာဟိမလား "

" အင်း "

" သူ့ကားရောမသိဘူးနော် ဘာလို့ Bus စီးတာလဲမသိဘူး "

" သိချင်သွားမေးလေ "

" မင်း...မရွဲ့နဲ့ ဟိတ်ကောင် "

ယိုရှီဘာမှ တုံ့ပြန်မလာပဲကားပေါ်သို့တက်သွားလေသည်။ အနောက်မှလိုက်တက်လာတဲ့ အဆာဟိ ကဒ်ထဲပိုက်ဆံဟာ တပြားမှမရှိတာကြောင့် ဂယောက်ဂယက် ဖြစ်ရလေသည်။

ပတ်ဂျီဟွန်းကူညီမယ်လုပ်တော့ ယိုရှီကဆွဲထားတာကြောင့် တုတ်တုတ်မျှလှုပ်မရ ။

" မင်းလိုက်မှာလား ပိုက်ဆံမရှိရင်လဲ ဆင်းတော့ "

" ခဏလေးပါ ကားဆရာကြီးရယ် " လက်ကလေးမှာလဲ ထမင်းချိုင့်လေးကိုကိုင်ထားသေးသည်။

ကံကောင်းစွာနဲ့ပဲ အနောက်မှာ Kotaro တက်လာတာကြောင့် ကားခ က်ုပေးလိုက်တော့သည်။

ယိုရှီတို့နဲ့မလှမ်းမကမ်းမှာ ရပ်နေတဲ့ သူတို့နှစ်ယောက် စကားကိုတွတ်ထိုးကာတောက်လျောက်ပြောနေတော့သည်။

" ဟျောင့်... မင်းကားသိမ်းခံရတာလား "

" အင်း "

" အဟက် "

" ဟျောင့် မလှောင်နဲ့ "

" မင်းကို အထက်တန်းတုန်းကထိ လိုလုပ်ပြန်ပီလား အိမ်က "

" အင်း ... "

" ပိုက်ဆံမပါဘူးမလား , မင်း Condo လဲ ပြန်သိမ်းသွားပီမလား "

" မင်း ပျော်နေတာလား ငါဒီလိုဖြစ်တာ  "

Sahi နဲ့ Kotaro တို့ပြောနေတဲ့စကားတွေကိုသေချာနားထောင်နေမိတဲ့ ယိုရှီ ၊ မျက်နှာပေါ်မှာ ဆာဟိအတွက်စိတ်မကောင်းဖြစ်နေတာတွေဟာ အတိုင်းသားပေါ်နေတော့သည်။

REFLECTION'S MIND (YOSAHI) Complete Where stories live. Discover now