ကျန်းဟာအို ဒီမနက် အစောကြီးနိုးလာတယ်။ နေခြည်နုနုနဲ့ ပြတင်းပေါက်မှ ဝင်ရောက်လာတဲ့ လေပြည်အေးအေးကြောင့် အသက်ဝဝရှူကာ ခပ်ဖွဖွလေးပြုံးလိုက်ရင်း အိပ်ယာမှ ထဖို့ပြင်ဆင်ရတော့သည်။
ဒီနေ့က ကျန်းဟာအိုရဲ့ ဆယ့်ခုနစ်နှစ်ပြည့် မွေးနေ့မို့ မကြာခင် သူငယ်ချင်းတွေလည်း ရောက်လာတော့မည်ဖြစ်သောကြောင့် ခပ်သွက်သွက်လေး ရေချိုး ပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့တယ်။
သူမီးဖိုချောင်ထဲဝင်လိုက်ရင်း ချက်ပြုတ်နေသော မိခင်အား နောက်မှ ဖက်လိုက်ပြီး ' မား ပင်ပန်းနေပြီလား" ဟု ခပ်ချွဲချွဲလေးဆိုလိုက်ရင်း ပါးလေးအားနမ်းလိုက်ရာ မားမှာ ရယ်လိုက်ရင်း ' မပင်ပန်းပါဘူးရှင် မားတို့ရဲ့ တစ်ဦးတည်းသော သားချောလေးအတွက်ပဲ..Happy Birthday ပေါင်ပေ့ မားကိုအမြဲချွဲနိုင်တဲ့သားလေးဖြစ်ပြီး အိပ်မက်တွေအတိုင်းလျှောက်လှမ်းနိုင်တဲ့ လူတော်လေးဖြစ်ပါစေ ဟု ဆုတောင်းပေးကာ စားပွဲတွင် ထိုင်စေပြီး ခူးခပ်ပြင်ဆင်ပေးလေတယ်။
ကျန်းဟာအိုက ' ကျေးဇူးမား အများကြီးချစ်တယ်" ဟုပြောလိုက်ရင်း စားသောက်နေလိုက်တော့သည်။ ဟာအိုတို့မှာ ကိုရီးယားသို့ရောက်တာကြာပြီဖြစ်သောကြောင့် မွေးနေ့အတွက် ရေညှိဟင်းရည်တစ်ခွက်ကလည်း မပါမဖြစ်ပင်။
"မား ပေါင်ပေ့အတွက် လက်ဆောင်ကို အိပ်ခန်းထဲ ထည့်ပေးထားတယ်နော်"
"ဟုတ် ငါတို့မားအကောင်းဆုံးပဲ ဟီး " ဟုပြောကာ ပါးလေးများမို့တက်သွားအောင်ရယ်ပြလိုက်ရာ မိခင်ဖြစ်သူမှာ မြတ်နိုးမဝဟန်ဖြင့် ပြုံးလိုက်ရင်း ဟာအို့ဆံပင်လေးများအားဖွလိုက်ကာ ထွက်သွားလေတော့သည်။
မကြာခင် သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဆောင်းဟန်ဘင်းနဲ့ ကင်ဂယူဘင်းဆိုတဲ့ ငမွှေထိုးနှစ်ယောက်ရယ် သူ့ကိုယ်သူ young and rich ဆိုပြီး အမြဲပြောတတ်တဲ့ ရစ်ခီရယ် ရောက်လာကြတော့မှာမို့ စားသောက်တာ လက်စသတ်ပြီးတာနဲ့ ဧည့်ခန်းမှာ စာအုပ်ဖတ်ရင်းစောင့်နေလိုက်တယ်။
သိပ်မကြာခင်မှာပဲ ဆောင်းဟန်ဘင်းတို့သုံးယောက်ရောက်လာကြပြီး မားကို ဝိုင်းချွဲကြကာ မုန့်များစားကြတော့သည်။စားသောက်ပြီးကြတော့ ဆောင်းဟန်ဘင်းမှ လက်ဆောင်ဗူးအားပေးလိုက်ရင်း