ဟာအိုမှာ သူ့အားပြန်လည်ဖက်တွယ်ထားလျက်ပင် အတော်ကြာ ငြိမ်သက်နေသောကြောင့် ပခုံးမှထိန်းကိုင်၍ ဆွဲယူကြည့်လိုက်ရာ ထိုလူသားပိစိလေးမှာ သူကို့ဖက်ရင်း အိပ်ပျော်နေခြင်းပင်။ ဟန်ဘင်းက ပြုံးလိုက်ရင်း ထိန်း၍ဖက်ကာ ကုတင်ပေါ်သို့ နေရာသေချာချ၍ အိပ်စေလိုက်ပြီး
သူလည်း ကုတင်တစ်ဖက်ခြမ်းမှဝင်လှဲလိုက်ကာ ဟာအို့ရဲ့ လှပပြီးချစ်စရာကောင်းတဲ့ မျက်နှာနုနုလေးအား ငေးမောနေရင်း ဆံပင်လုံးလုံးလေးများဖုံးအုပ်နေသော နဖူးပြင်လေးအား ဖိကပ်နမ်းရှိုက်လိုက်ကာ"အိပ်မက်လှလှမက်ပါစေ ကျွန်တော့်ကလေးလေး.. ကျွန်တော် သတိမထားလိုက်မိခင်မှာပဲ ဟျောင်းကို အများပြီး ချစ်မိနေပြီထင်တယ်..ကျွန်တော်က သတ္တိမွေးပြီး ရှေ့တိုးလာမှာမလို့ ဟျောင်းက ကျွန်တော့်နှလုံးသားလေးကို ကြိုဆိုပေးမယ်မို့လားဟင်"
________________________
"တီ တီ တီ"
နှိုးစက်မြည်သံကြောင့် ဟန်ဘင်းမှာနိုးလာခဲ့ပြီး ဟာအို့ဘက်လှည့်ကာ ပခုံးကိုကိုင်၍
"ဟျောင်း ဟျောင်း ထတော့..ကျွန်တော်တို့ ဒီမနက် sunrise ကြည့်ကြမှာလေ"
"အွန်းး! ဟန်ဘင်း ခဏလောက်ထပ်အိပ်လို့မရဘူးလားဟင်"
"အဲဒါဆို ခဏလောက်ပြန်မှေးနေလိုက်လေ ကျွန်တော် ရေအရင်ချိုးလိုက်မယ်"
"အွန်းးး" ဟုဆိုလိုက်ရင်း ဟာအိုက စောင်နှင့် ခန္ဓာကိုယ်ကို လုံး၍ပတ်လိုက်ပြီး တစ်ပတ်လှိမ့်လိုက်ကာ ဆက်မှေးနေလိုက်သည်။
ဟန်ဘင်း ရေချိုးပြီး၍ ထွက်လာတာတောင် ဟာအိုက ငုတ်တုတ်ထိုင်ကာ ငိုက်နေသေးသဖြင့် ပါးပြင်လေးနှစ်ဖက်အား ရေချိုးထားကာစဖြစ်၍ အေးစက်နေသော လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ရင်း
"ကဲ ရေချိုးလို့ရပါပြီဟျောင်းပိစိရေ"ဟုဆိုလိုက်လျှင် ဟာအိုက ပြုံးပြလိုက်ကာ
"အင်းပါ ဟန်ဘင်းရဲ့ တကယ်ထပါပြီ "
"အဖိုးကြီးလေးကျနေတာပဲ ဝီရိယကလည်းကောင်းလိုက်တာလွန်ရော" ဟု ခပ်တိုးတိုးရေရွတ်ရင်း ဆက်တောက်ဆက်တောက်ဖြင့်လျှောက်ကာ ရေချိုးခန်းသို့ဝင်လာခဲ့သည်။
