"မင်းနဲ့ဟန်ဘင်းကြားမှာ တစ်ခုခုရှိတယ်မလား"
ရူအီက ကော်ဖီသောက်နေရင်း မေးလိုက်ခြင်း။
ဟာအိုနဲ့ရူအီမှာ ကျောင်းနားက ကော်ဖီဆိုင်မှာ ထိုင်ရင်း second sem project အတွက် အချက်အလက်ရှာဖွေနေကြခြင်းပင်။
"မင်းကဘယ်လိုသိလဲ"
"ငါမသိတာမှ ထူးဆန်းတာမဟုတ်ဘူးလား..မင်းမျက်နှာမှာ ခံစားချက်တွေ အကုန်ချရေးထားသလိုဖြစ်နေတာကိုလေ"
"အဲ့လောက်တောင် သိသာသွားလား ဟီးဟီး"
"ကဲပါ ပြောပြစမ်းပါ ကျန်းဟာအိုရဲ့ လာမူနေသေးတယ်"
"ပြောမှာပါ...ငါ့ဘက်က ဟန်ဘင်းကို အထက်တန်းတည်းက သဘောကျခဲ့တာ..ပြီးတော့.....ဟီးဟီး"
ဟာအိုက ဆက်မပြောပဲ ပြုံးစိစိလုပ်နေရာ ရူအီမှာ စိတ်မရှည်တော့သဖြင့် ထသွားမယ် လုပ်ကာမှ
"ရူအီကလည်း စိတ်ကြီးလိုက်တာ ဒီမှာ စိတ်ကူးယဥ်လို့ကောင်းနေတာကို"
"...."
"ငါနဲ့ ဟန်ဘင်းတွဲနေကြပြီသိလား"
"ဘာ! မြန်ဆန်လှချည်လားဟ..ပြောပါဦး သူကမင်းကို ဘယ်တုန်းကဖွင့်ပြောပြီး မင်းက ဘယ်အချိန်အဖြေပြန်ပေးလိုက်တာလဲ"
"ငါတို့ first sem ဖြေခါနီးတုန်းက ဖွင့်ပြောတာ..ငါလည်း တစ်ခါတည်း အဖြေပြန်ပေးခဲ့တာပေါ့"
ရူအီမှာ သူ့သူငယ်ချင်းအား အသဲယားလွန်းသဖြင့် ကျောပြင်ကို အုန်းကနဲ ထုချလိုက်ပြီး
"အေးပါ အဲဒါနဲ့ တစ်ခါတည်း တန်းပါသွားရလား မင်းက..ဒါမျိုးကျ ငါ့တောင်ပေးမသိဘူးနော်"
"ရူအီကလည်း ငါ့မှာ စာမေးပွဲကတစ်ဖက် ၊ မောင့်ကြောင့်ရင်ခုန်နေရတာတစ်ဖက်နဲ့ စိတ်နဲ့လူက ခုမှကပ်လို့ပါနော်"
"အမလေး မောင်တဲ့..မေးမိတဲ့ ငါကိုကမှားတာပါ ကျန်းဟောင့်ရေ"
ရူအီကအဲ့လိုပါပဲ သူ့ကိုစိတ်မရှည်တော့တဲ့အချိန်ဆို ကျန်းဟောင့်ရေလို့ အော်နေကြ။ ခုလည်း အရမ်းတွေမျက်စိနောက်နေပုံရကာ ဟာအိုက အော်ရယ်တော့ မထိုးတတ် ထိုးတတ် မျက်စောင်းက ဒိုင်းကနဲ ထိုးနေသေးတာ လှလည်းမလှပဲနဲ့များ။
