Part 8

569 39 19
                                        

ဆောင်းဟန်ဘင်းမှာ ဟိုတစ်ခါ မတော်တဆ ထိမိကတည်းက ပြန်လည်ထိတွေ့ချင်ခဲ့သော ဟျောင်းရဲ့ နှုတ်ခမ်းဖူးဖူးလေးအား ဒုတိယအကြိမ် ပြန်လည်ထိတွေ့လိုက်ရချိန်တွင် လူက လေဟာပြင်ထဲရောက်သွားသလိုခံစားချက်မျိုး။

ချစ်ရသူရဲ့ နူးညံ့အိစက်နေသော နှုတ်ခမ်းလွှာလေးများကို အပေါ်တလှည့်အောက်တလှည့် မြတ်နိုးစွာ နမ်းရှိုက်နေရင်း တသိမ့်သိမ့်လှိုက်ခုန်နေသောရင်ခုန်သံတို့က မရပ်တန့်နိုင်အောင် ဆွဲဆောင်လေသည်။ ထိုအခါ ခါးလှလှလေးကို ပိုတင်းကျပ်အောင်ဖက်လိုက်ရင်း မက်မောသော ၊ နက်ရှိုင်းသောအနမ်းရှည်တို့ကို ဖြစ်ပေါ်စေ၏။

ဟာအိုမှာ ဟန်ဘင်းရဲ့ လှိုက်လှဲမြတ်နိုးသော အနမ်းတို့ရဲ့ ဦးဆောင်မှုနောက် စီးမျောခံစားနေရင်း နုနယ်တဲ့ နှလုံးသားလေးက အမြန်နှုန်းဖြင့် လှိုက်ခုန်နေခြင်းကြောင့် ခြေလက်တို့ပင် မခိုင်ချင်တော့သလို ဖြစ်လာရတယ်။ တိတ်တခိုးမြတ်နိုးခဲ့ရသူရဲ့ နှုတ်ခမ်းပါးပါးလေးနဲ့အနမ်းများဟာ သူကြိုက်တဲ့ ဂျယ်လီပျော့လေးတွေထက် အဆများစွာ ချိုမြိန်လွန်းနေတော့တာ။ ဟန်ဘင်းရဲ့အနမ်းတို့ကို အမှီမလိုက်နိုင်တော့တဲ့အခါ ရင်ဘတ်ကို ပုတ်လိုက်ရင်း ဖယ်ခွာစေရန် ကြိုးစားရတော့သည်။

ဟာအို့ရဲ့အချက်ပြမှုကြောင့် ဟန်ဘင်းက အနမ်းတို့ကို ရပ်တန့်လိုက်ပြီး ပါးလေးနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် အုပ်မိုးကိုင်လိုက်ကာ ချစ်မဝစွာဖြင့် နှုတ်ခမ်းနုနုလေးအား ထိရုံမျှ နှစ်ခါ ထပ်မံနမ်းရှိုက်လိုက်ပြီးမှ မလွှတ်ချင်လွှတ်ချင် လွှတ်ပေးလိုက်တယ်။

"မောင့်ကလေးလေးက အရမ်းချစ်ဖို့ကောင်းလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ"

ဘုရားရေ!  ခုဟန်ဘင်းက သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ။  ကလေးလေးတဲ့လား။  သူ့ကိုယ်သူလည်း မောင်လို့သုံးနှုန်းသွားသေးတာ ဆောင်းဟန်ဘင်းက လူကို ဒီနေရာမှာတင် မေ့လဲသွားစေချင်နေတာတော့ မဟုတ်ဘူးမလား။ ဟန်ဘင်းရဲ့ခပ်တိုတိုး အက်ရှရှအသံက ဆွဲဆောင်မှုရှိလွန်းတာကြောင့် ရင်ခုန်ရလွန်းလို့ ရူးချင်တော့တာပါပဲ။

Every Moment With YouWhere stories live. Discover now