ဟာအိုက ဟန်ဘင်းနဲ့ နမ်းမိသလိုဖြစ်သွားတဲ့နေ့ကစပြီး အကြောင်းအမျိုးမျိုးပြကာ ဟန်ဘင်းကိုရှောင်နေမိတယ်။ မဖိတ်ခေါ်လည်း အမြဲဝင်ရောက်လာတဲ့ ထိုအခိုက်အတန့်ရဲ့မှတ်ဉာဏ်တွေကြောင့် ရင်ခုန်ရလွန်းလို့ သူဟန်ဘင်းနဲ့တွေ့ဖို့ ယုံကြည်ချက်မရှိပါချေ။
စာမေးပွဲဖြေခါနီးမို့ ရူအီနဲ့စာကြည့်တိုက်သွားရဦးမယ် ၊ ငါအတန်းစောပြီးလို့ပြန်နှင့်ပြီ ၊ ရူအီ ဆိုမီတို့နဲ့ မုန့်သွားစားမလို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးပေးကာ ဟန်ဘင်းကိုရှောင်နေတာ တစ်ပါတ်တောင်ပြည့်တော့မှာပဲ။ မတွေ့တာကြာတော့လည်း လွမ်းမိနေပါရောလား ဟန်ဘင်းရယ်။
ဟန်ဘင်းမှာ ဟာအိုကသူ့ကိုရှက်ပြီးရှောင်နေမှန်းသိလို့ အလိုက်တသိငြိမ်နေပေးတာကို ထိုဟျောင်းပိစိက သူမှ ဇွတ်သွားမတွေ့လျှင် ဆက်ပြီးရှောင်နေတော့မှာမို့ ဒီနေ့တော့ မဖြစ်မနေတွေ့ရအောင် ဖန်တီးရပေဦးမည်။
"ငါစာကြည့်တိုက်သွားမလို့ ရူအီလိုက်ဦးမလား"
"အင်းလိုက်မယ်လေ ငါကော်ဖီအရင်သွားဝယ်လိုက်မယ် မင်းသွားနှင့်"
"ok ဆိုမီကရော"
"ငါလည်း အညောင်းပြေလမ်းလျှောက်ရင်း ရူအီကော်ဖီဝယ်တာ လိုက်သွားမယ်လေ"
"အင်း အဲဒါဆို ငါသွားနှင့်မယ်နော်"
ဟန်ဘင်းမှာ သူ့ကိုရှောင်နေသည့် ကလေးဆိုးလေးအား အမိဖမ်းရန်အတွက် အတန်းစောဆင်းလာတာမို့ စာကြည့်တိုက်သို့သွားရန် လှုပ်စိစိနဲ့လျှောက်လာတဲ့ လူသားပိစိလေးကို မြင်ရသောအခါ ပါးပြင်ပေါ်မှအရစ်လေးများပေါ်သည်အထိ ပြုံးပြလိုက်ရင်း
"ဟျောင်း ဘယ်သွားမလို့လဲ"
"အော် ဟန်ဘင်း..ဘယ်မှမသွား.. အဲ စာကြည့်တိုက်သွားမလို့လေ..ဟန်ဘင်းရော ပြန်တော့မလို့လား"
"ဒီနေ့ဟျောင်းနဲ့အတူပြန်မလို့လေ"
"ငါနောက်ကျမှာ ဟန်ဘင်းရဲ့ မင်းအရင်ပြန်နှင့်လေ"
"ကျွန်တော်လည်း စာကြည့်ရင်းစောင့်မယ်"
"အင်းပါ ဟန်ဘင်းသဘော"
