Part 12

451 35 33
                                    

နေ့လရက်တို့ တိုက်စားရင်း ရာသီအလီလီကိုကျော်ဖြတ်ရင်း သူတို့ရဲ့ ကျောင်းသားဘဝကကုန်ဆုံးခဲ့ပြီဖြစ်သည်။ ဟာအိုနဲ့ ရူအီက construction company တစ်ခုမှာ site engineer အဖြစ်အလုပ်ရနေပြီး မောင်ကတော့ သူ့အဖေရဲ့ company မှာပဲ M&E ဌာနမှာ design engineer အဖြစ် အလုပ်ဝင်ခဲ့တာ ခြောက်လတောင်ရှိခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကလည်း ငါးနှစ်ပြည့်ခါနီးခဲ့ပြီလေ။

သူနဲ့မောင်က 4th year စတည်းက စာတွေများလာမို့ ကျောင်းနဲ့နီးတဲ့နေရာမှာ တိုက်ခန်းငှားနေကြတာပင်။ နှစ်တွေကြာလာလေ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာနဲ့ သံယောဇဥ်က ပို၍တိုးလာလေ။ အပြန်အလှန်ဂရုစိုက်ရင်း ၊ ပင်ပန်းတဲ့အခါ အချင်းချင်း မှီခိုရာရင်ခွင်တစ်စုံအဖြစ် ရှိနေပေးရင်း သူ့ဘဝတစ်လျှောက်လုံး မောင်နဲ့ပဲ ဖြတ်သန်းသွားချင်တဲ့စိတ်က ပို၍ သေချာလာခဲ့တယ်။

ဒီနေ့လည်း သူက အိမ်ကိုစောစောပြန်ရောက်နေတာမို့ ကိုယ်လက်သန့်စင်ပြီး ညစာအတွက်ချက်​ပြုတ်ကာ မောင်ပြန်လာမယ့်အချိန်ကို TV ကြည့်ရင်း စောင့်နေလိုက်သည်။ မောင်ပြန်ရောက်တော့ ညရှစ်နာရီပင် ရှိချေပြီ။ တံခါးဖွင့်သံကြားတည်းက ဟာအိုမောင့်အတွက် ရေအေးလေးတစ်ခွက်အသင့်ပြင်ထားပေးလိုက်သည်။

ဟန်ဘင်းက ဆိုဖာခုံမှာဝင်ထိုင်လိုက်ကာ မွန်းကြပ်နေတဲ့စိတ်တို့ ပြေလျော့လိုပြေလျော့ငြား နက်ကတိုင်ကို ခပ်လျော့လျော့ဖြစ်စေရန် ဆွဲချွတ်လိုက်ရင်း သက်ပြင်းမောကို ဟူးခနဲ မှုတ်ထုတ်လိုက်တယ်။ ဒီနေ့လည်း ပင်ပန်းစရာတွေ သိပ်များခဲ့ပြန်တာပဲ။

"မောင် အရမ်းပင်ပန်းနေလား....ရော့ ရေအေးလေးအရင်သောက် ခဏနားပြီးရင် ရေချိုးလိုက်...ပြီးရင် ဘေဘီတို့ ညစာစားဖို့ပြင်ထားလိုက်မယ်နော်"

"အွန်း..ဘေဘီကပြန်ရောက်တာ ကြာပြီလား..."

"အွန်း ခြောက်နာရီခွဲလောက်တည်းက ရောက်တာ...ဒီနေ့ နည်းနည်းစောတယ်"

"နောက်ဆို မောင်နောက်ကျနေလို့ ဗိုက်ဆာရင် စားနှင့်နော်...မောင့်ကိုမစောင့်နဲ့ "

"မောင်နော်!!..နောက် အဲ့လိုထပ်မပြောနဲ့ ငါမကြိုက်ဘူး....ညစာကိုတော့ တတ်နိုင်သလောက် မောင်နဲ့ပဲ အတူစားချင်တယ်လေ...မောင် အပြင်မှာစားဖြစ်ရင်သာ ဖုန်းဆက်လိုက်"

Every Moment With YouWhere stories live. Discover now