သူတို့သူငယ်ချင်းလေးယောက်တွင် ဂယူနှင့်ရစ်ခီမှာ မတည့်သော်လည်း နှစ်စဥ် တစ်ခုံတည်းသာ အတူတွဲထိုင်တတ်ကြကာ နေ့စဥ် စကားနိုင်လု ငြင်းခုံနေလေ့ရှိပြီး ထိုနှစ်ယောက်ရဲ့ နောက်တန်းတွင် ကျန်းဟာအိုနှင့် ဆောင်းဟန်ဘင်းက ထိုင်ကြပါသည်။ဆောင်းဟန်ဘင်းနှင့် ကျန်းဟာအိုတို့ စာသင်ခန်းသို့ရောက်သောအခါ ဂယူနှင့်ရစ်ခီမှာလည်း ထုံးစံအတိုင်း ငြင်းခုံလိုက် ရိုက်ပုတ်လိုက်ဖြင့် အလုပ်များနေကြလေသည်။
မိမိတို့ထိုင်ရမည့် ခုံတွင် ဝင်ထိုင်လိုက်ရင်း ဆောင်းဟန်ဘင်းမှ
"ဘာတွေငြင်းနေကြပြန်တာလဲ မင်းတို့နှစ်ယောက်"
ဂယူမှ "Jisoo နဲ့ Rose ဘယ်သူပိုချောလဲ ငြင်းနေတာ မင်းတို့ပဲ စဥ်းစားကြည့်ပါဦး..ငါ့ Jisoo လေးက ပိုချောတာမဟုတ်ဘူးလား"
"Rose ကမှ ပိုချောတာဟျောင့်ရ.မျက်နှာပြည့်ပြည့် မျက်လုံးတောက်တောက်လေးတွေနဲ့ နတ်သမီးလေးလိုပဲ"
"ဟျောင့် ငါ့ Jisoo ကမှ..အ! သေပါပြီ" ကျန်းဟာအိုမှ ဂယူ့လက်မောင်းအား လိမ်ဆွဲလိုက်ရင်း
"မင်းတို့နှစ်ယောက်မှာ တစ်နေ့တစ်နေ့ ငြင်းစရာများမကုန်နိုင်တော့ဘူးလား"
"ဟျောင်းကလည်း သူကအရင်စငြင်းတာကိုးး ။ လက်သံကလည်းပြောင်လိုက်တာ ကျောင်းဆရာလုပ်ပါလား" ဟုဆိုရင်း ဆရာလည်း ဝင်ခါနီးပြီးဖြစ်သောကြောင့် ဟာအို့အား ပေစောင်စောင်ကြည့်၍ စူပုတ်ကာ ရှေ့သို့လှည့်သွားလေသည်။ ရစ်ခီကတော့ ဂယူအဆူခံလိုက်ရသဖြင့် တခိခိဖြင့် အူမြူးနေသည်ပင်။
ထိုစဥ် အတန်းတွင်းသို့ ဆရာဝင်လာကာ စာသင်သောကြောင့် သူတို့သည်လည်း စိတ်ပါဝင်စားစွာ မှတ်သားကြရပေတော့သည်။ သူတို့လေးယောက်တွင် ကျန်းဟာအိုက စာအကြိုးစားဆုံးဖြစ်ကာ အဆင့်တစ်ဟူသောနေရာကို အမြဲအပိုင်သိမ်းထားသော ကျောင်းမြက်ကလေးဖြစ်ပြီး ဆောင်းဟန်ဘင်းတို့သုံးယောက်သည်လည်း ပျော်ပျော်နေတတ်ကြပေမယ့် roll ကောင်းသည့် top ten စာရင်းဝင် ကျောင်းသားများဖြစ်ကြသည့်အလျောက် စာသင်နေသော အချိန်တွင်တော့ အလေးအနက်ထားတတ်ကြသည်ပင်။