"ဒီခုံမှာ ထိုင်လို့ရမလားဟင်""ဟုတ် ရပါတယ်ဗျ"
ဟာအိုနဲ့ရူအီတို့ မနက်ပိုင်း မေဂျာအတန်းချိန်များတက်ပြီး၍ ကျောင်းကန်တင်း၌ နေ့လည်စာစားနေချိန် ကောင်မလေးတစ်ယောက်မှ သူတို့ထံခွင့်တောင်းကာ ရူအီ့ဘေးတွင် ဝင်ထိုင်လာသည်။
"အဟမ်း ကိုယ့်ကိုယ်ကိုမိတ်ဆက်မယ်နော်..ငါ့နာမည်က ဂင်ဆိုမီပါ..နင်တို့နဲ့အတန်းတူတယ်ရယ်..နင်တို့နှစ်ယောက်လုံးက စာတော်တယ်လို့လည်းကြားတယ်နော်..ပြီးတော့ရူအီက တရုတ်ကပြောင်းလာတာမလား..ငါနင်တို့နှစ်ယောက်ကို တတွဲတွဲ မြင်နေရင်း စိတ်ထဲမှာ ရင်းနှီးလာတာသိလား.. ငါလည်းအဖော်မရှိတာမို့ ရှေ့လျှောက်ခင်သွားကြမယ်လေ"
ထိုကောင်မလေးမှ ရူအီနဲ့ဟာအိုကိုပြုံးပြလိုက်ရင်း ဆိုလာပါသဖြင့်
"ဟုတ် ခင်လို့ရပါတယ်ဗျ"
သူတို့ စကားပြောရင်း စားသောက်တာလည်းပြီးသွားပြီမို့ အတန်းပြန်တက်ဖို့ ထရပ်လိုက်ချိန်မှာပဲ ဟာအို့အကြည့်တွေက တစ်နေရာမှာ ရပ်တန့်သွားရတယ်။ ဟန်ဘင်းက ကောင်မလေးတစ်ယောက်နဲ့ ပြုံးရယ်ရင်း စားသောက်နေကြတာပင်။ သူငေးနေတဲ့နေရာကို ရူအီနဲ့ ဆိုမီကလည်း လိုက်ကြည့်ရင်း
"ဟာအို မင်းသူငယ်ချင်းမလား သွားနှုတ်ဆက်ဦးမှာလား"
"ရတယ် မသွားတော့ဘူး သူလည်းအတန်းဖော်နဲ့ဆိုတော့"
"ရူအီ ခုနကတစ်ယောက်ကဘယ်သူလဲဟင်"
"ဟာအို့ငယ်သူငယ်ချင်းလေ.. သူက mechanical က"
"အော်..ဟာအိုတို့သူငယ်ချင်းတွေက အချောတွေချည်းပါလား"
သူငယ်ချင်းနှစ်ယောက်ဆက်ပြောနေတဲ့စကားတွေကို ဟာအိုမကြားမိတော့ပေ။ အတွေးထဲမှာ ကောင်မလေးတစ်ယောက်နဲ့ ပြုံးရယ်နေတဲ့ ဟန်ဘင်းကသာ နေရာယူလျက်ရှိပြီး ဟာအို့ရင်ထဲမှာ စူးသေးသေးလေးများလာစိုက်နေသလို ခံစားရခက်လှသည်။ ~calm down ကျန်းဟာအို..ဒါက ဒီတိုင်းသူငယ်ချင်းလည်းဖြစ်နိုင်တာပဲ ငါကလည်း ဒီလောက်လေးနဲ့ အတွေးများတတ်တဲ့သူမဟုတ်ဘူးလေ ~ ကိုယ့်ကိုယ်ကို အားပေးလိုက်ရင်း သက်ပြင်းမောကိုသာချလိုက်မိတယ်။ ဟန်ဘင်းကိုချစ်မိလို့ ဝမ်းနည်းရတာတွေရှိလာခဲ့ရင်တောင် သူ့ရင်ထဲကအချစ်တွေကိုတော့ဖြင့် ဘယ်သောအခါမှ ရပ်တန့်ပစ်မှာမဟုတ်ပါပေ။
