အပိုင်း(၁)

10K 249 17
                                    


ဖြူနီရောင်ဝါ ငွါးငွါးစွင့်ဖူးပွင့်နေကြသော ရောင်စုံနှင်းဆီများနှင့်အပြိုင် ဝါ၊ ဖြူ၊ နီညိုရောင် အရွယ်ကြီးသေး စုံလင်တဲ့ အဝါရောင်ဂန္ဓမာပန်းလေးများနှင့်အတူ လှပစွာပွင့်ဖူးနေကြသည့် လီလီ၊ နှင်းပန်းများကြားက ရောင်စုံရွက်လှပန်းပင်များအလယ် ဆံပင်ငွေရောင်ခပ်ပါးပါးလေးဖြင့် နုနယ်ငယ်ရွယ်လွန်းတဲ့ ကောင်​ငယ်ငယ်လေးတစ်ယောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရပ်ကွက်တစ်ခုရှိ လူစည်ကားရာ အမှတ်(၂) စျေးလမ်းထောင့် တနေရာ လမ်းထောင့်ဆိုင်ခန်းလေးမှာရောင်းချနေသော ပန်းသည်လေး သမုဒါ။

၂၁ရာစု အရာရာဖွံ့ဖြိုးတိုးတက်နေတဲ့ ပညာခတ်ကြီးထဲဝယ် ဆယ်တန်းတစ်နှစ်ကျ ဘဝဖြင့် ပညာရေးဆုံးခန်း မတိုင်ခဲ့ရသော ပန်းသည်လေး သမုဒါ။

"သမုဒါ" ဆိုတဲ့အမည်ဆန်းဆန်းလေးကိုကြားဖူးသူတိုင်း လည်ပြန်ကြည့်ကြသလို ထိုအမည်နာမကို နှစ်ကြိမ်တိုင်တိုင် ပြန်လည်မေးတက်သည်က မဆန်းကြယ်တော့ပါ။

ဟုတ်ကဲ့။

သူ့အမည်လေး ခပ်ဆန်းဆန်းလေးမို့ မြင်သူတိုင်းချစ်ခင်ကြသည့် "သမုဒါ "....။

ပါးချိုင့်လေးများ ခွက်သည်အထိ ပြုံးရယ်စွာ စျေးဝယ်သူတွေကို စိတ်ကျေနပ်စေမည့် "သမုဒါ"

" သမုဒါ " ...ထိုအမည်နာမလေးကို ရေရွတ်လိုက်လျှင် နှလုံးသားတစ်ခုလုံးနွေးထွေးစေမည့် မေတ္တာလိူင်းလုံးလေးသဖွယ် ခေါ်ဆိုသူ၏ ရင်ထဲ တသိမ့်သိမ့် ညိမ့်ညောင်းစီးဆင်းနေမည့် စိမ့်စမ်းရေအေး သဖွယ် အေးချမ်းမည့်အသွင်ဆောင်သည် မဟုတ်ပါ့လား။

ငယ်ရွယ်စဉ်အခါက "သမုဒါ" ဆိုတဲ့ အမည်ကို ဘာကြောင့်ပေးခဲ့လဲ မိခင်ပိုးကရင်မကြီးကိုမေးတိုင်း ကိုယ်ဝန်ဆောင်စဉ်ကတည်းက ညစဉ်ညတိုင်း ပန်းလေးများကိုသာအိမ်မက်မက်ပြီး ၊ ပိုးကရင်မကြီး နန့်ပန်းမြိုင်ရဲ့ ဆံကေသာမှာ ပန်းလေးတစ်ပွင့်မှ မပန်ရရင် မနေသာဘူးဟု ချဉ်ခြင်းတက်ခဲ့သောကြောင့် မိခင်နှင့်အမျိုးအဆွေးအားလုံးက မိန်းကလေးမွေးမည်ထင်မှတ်ကြသော်လည်း ပန်းလေးတစ်ပွင့်လို လှပလွန်းသည့် သားငယ်ငယ်လေးမို့ " သမုဒ္ဒယနှောင်ကြိုး" ကိုအစွဲပြုကာ "သမုဒါ" ဟုအမည်တွင်စေခဲ့၏။

ပန်းတစ်ပွင့်၏ ရိူက်သံ Where stories live. Discover now