အပိုင်း(၄)

1.5K 124 20
                                    


ရက်သတ္တပတ်မှာ ပုံမှန်နေ့များထက်ပိုစည်ကားရာ လဆန်းရက်ကို စနေ၊တနဂ်နွေဖြင့် လာတိုက်ခဲ့ရင် သမုဒါတို့ အမှတ်(၂)စျေးလေးက တိုးမပေါက်အောင်စည်ကား လွန်းလှသည်မို့ ယနေ့ပုံမှန်ထက်ပို၍ စျေးပိုရောင်းရခြင်း။ အချိန်အားဖြင့် ၉နာရီကျော် နံနက်စာ ကော်ဖီတစ်ခွက်ကလွဲ ဘာမှစားမလာရသေးကြောင့် တဂွီဂွီအော်နေတဲ့ ဝမ်းဗိုက်ကို မဖြေရှင်အား လက်မလည်အောင်ရောင်းနေသည့် ဒီလိုနေမျိုးဆို သမုဒါတစ်ယောက် ငွေဝင်ကောင်းလ်ို့ အကြွေမှသည် သောင်းတန်များထိ ရေတွက်ရင်း အပျော်ကြီးပျော်ရပြန်သည်လေ။

နေ့ရက်တိုင်းသာ ခုလိုရက်မျိုးဖြစ်လျှင်ဆိုသော စျေးသည်လောဘလေး နည်းနည်းဆုတောင်းမိ၏။ အဘယ်သူကြားသိရင် ရယ်နိင်ပါအံ့နည်း။

" ရော့....."

ဝယ်သူတွေအလိုကျ နှင်းဆီပန်းများကို ငုံ့ကာစည်းပေးနေသည့်မို့ မိမိမျက်နှာရှေ့ အလုံပိတ်ဖန်ဗူးလေးနှင့်စားစရာပါဆယ်အိတ်လေးကိုင်ကာ လာချပေးနေသော ဦးထွဋ်ကြောင့် အံ့ဩမိနေခြင်း။

"ဦးထွဋ်...."

" အင်း..."

" ဘယ်...ဘယ်က လာတာလဲ ဦးထွဋ် ....စျေးမနက်စာ လာစားတာလား..."

" မင်း မစားရသေးဘူးမဟုတ်လား..."

" ဗျာ.....အဲ့လောက်သိသာသွားလား...."

" မြင်နေရတာကို .."

" ဗျာ..."

" ရော့ကွာ...ငါမအားဘူး..."

" ဟုတ်ကဲ့ဗျ..."

T-shirt မီးခိုးရောင်လေးကို ဒူးအောက်ဘောင်းဘီတိုအနက်လေးဖြင့်တွဲဝတ်ထားတဲ့ ဦးထွဋ်က အသက်အားဖြင့် ၃၄ ပြည့်တော့ဆိုတာ ထင်ဖွယ်ရာမရှိ။ နုပျိုလွန်းတဲ့ အရွယ်တင်မူတို့ကြောင့် အသက်၂၀ကျော် သမုဒါတယောက် အားသိပ်ကျရစမြဲ။ ဘယ်ကနေ ဘယ်လို ကိုယ့်အနားရောက်လာမှန်းမသိ လက်ထဲလာထည့်ပေးသော ပဲအီကြာလေးထုပ်နှင့် နွားန်ို့ဗူးလေးကြောင့်ရောင်ရမ်းကာ စိုက်ကြည့်နေမိသည်။

" အော်...ဒီနေ့ စနေပဲ ဦးထွဋ်နားရက်ပေါ့....."

စနေလိုပိတ်ရက်မျိုးမှာ အိမ်တွင်သာနေပြီး အလုပ်လုပ်တက်သည့်ဦးထွဋ်ကြောင့် စနေနေ့တိုင်း ကြောင်လျှာပွင့်၊ မယ်စလီပွင့် စသည့် သုပ်စားစရာ အသီးအပွင့်တစ်ချို့ကို စျေးမှဝယ်ယူပြီး မိမိကိုယ်တိုင် သုတ်ကာ ဦးထွဋ်အတွက် ပို့ပေးမည်။

ပန်းတစ်ပွင့်၏ ရိူက်သံ Where stories live. Discover now