အပိုင်း(၉)

1.1K 106 12
                                    


" ဒီနေ့ ကိုယ့်အိမ်ဘက် လိုက်အိပ်နော် ..."

ဒေါ်ဒေါ်နာရေး ပို့ပြီး ပြန်လာကတည်းက စကားတစ်ခွန်းမှမပြောပဲ လာသမျှဧည့်သည်တွေရဲ့ သနားကြင်နာမူကို ခေါင်းလေးညိတ်ပြကာ နူတ်ဆက်နေသည့် သမုဒါရဲ့ သောကမျက်ဝန်းတွေကထင်လင်းထွဋ်အတွက် နာကျင်ဖွယ်ရာ မြင်ကွင်းကြီးတစ်ခုသဖွယ် ဖြစ်နေသည်။

နာရေးအိမ်ဖြစ်သည့်အလျှောက် ရပ်ကွက်အတွင်းမှ အသိမိတ်ဆွေနှင့်စျေးသူစျေးသားအချို့က လာရောက် မေးမြန်းကြသော နာရေးသတင်းများကို သမုဒါ ဒိုင်ခံကာနူတ်ဆက်နေမိသည်။

ဗိသုကာပညာရှင် ထင်လင်းထွဋ်တစ်ယောက် တနေ့လုံးအစားအသောက်ဝင်ထားခြင်းမရှိသော ကလေးငယ်အတွက် ထမင်းဖြူလေးနှင့်ကြက်ကြော်လေးကို အိမ်ဘက်ပြန်၍ ပြင်ဆင်ပေးပြီး ကလေးငယ်ကို ပြန်ခေါ်ကာ ညနေစာကျွေးရမည်မဟုတ်ပါ့လား။

" ညစာ ထမင်းတော့ စားအုံး သမုဒါ"

" ဟင်းအင်း....."

" အဲလိုမရဘူးလေ ....သေသွားတဲ့သူက သေသွားပြီ ၊ ကျန်ခဲ့ရတဲ့သူက ကောင်းကောင်းအသက်ရှင်မှ သွားလေသူဒေါ်ဒေါ်က စိတ်ဖြောင့်ဖြောင့်နဲ့ ကောင်းရာမွန်ရာ ရောက်မှာပေါ့ ..."

" တကယ်မစားချင်လို့ပါ "

ပြောရလက်ပေါက်ကတ်တဲ့အထဲ ကလေးကဘယ်လိုကောင်ဆိုးလေး ပါလိမ့်မယ် ထင်လင်းထွဋ် ထင်မထားမိခဲ့တာအမှန်။

"အဲလိုလည်းမဟုတ်သေးဘူးလေ ကလေးရာ..."

တစ်ခွန်းမက နှစ်ကြိမ် ထက်ပိုပြီး စိတ်ရှည်ရှည်ချော့ပြောရမယ်မသိ ခေါင်းကုတ်ကာ မိခင်ဆုံးရူံးမူကြောင့် ငိုရိူက်နေတဲ့ကလေးငယ်အနားတိုးကပ်ကာ ချော့ရမည်မဟုတ်ပါ့လား။

" တကယ်မစားချင်လို့ပါ ဦးထွဋ် ..."

" ကလေး ဘယ်လောက်ဝမ်းနည်းနေလဲ ကိုယ်တို့သိတာပေါ့ .မစားမသောက်ပဲ နေမရဘူးလေကွာ...ကလေးကျန်းမာရေးလည်း ပြိုလဲမဖြစ်ဘူး...ကလေးက ကိုယ့်ကျန်းမာရေးအတွက်လဲ ဂရုစိုက်ရမှာနော်...."

" ဟင်းအင်း....တကယ်ဘာမှမစားချင်ဘူး...မေမေကို သတိရတယ် ..အင့်...မေမေက ထားခဲ့ပြီပေါ့နော်....ကျွန်တော်..တစ်ယောက်တည်း...."

ပန်းတစ်ပွင့်၏ ရိူက်သံ Where stories live. Discover now