အပိုင်း(၁၇)

990 106 10
                                    

"ဟင်......."
" ဟာ......"

" ဟင်အင်း...မဟုတ်ဘူးနော်...."

ကားထားရာနေရာအလှမ်း ခြေစလစ်ခဲတို့ကြား ညှပ်နေသည့် ထောက်ဖိနပ်အချွန်လေးကြောင့် ကိုယ်ရှေ့တည့်တည့် ယိုင်သွားသည့် မမျိုးသစ္စာ ခန္ဓာကိုယ်အား နောက်ဘက်ဆီကနေ ထိန်းထားပေးသောအခါ ရင်ခွင်ထဲပစ်မှီကျလာသည့် ထိုအမျိုးသမီးကြောင့် စိတ်တို့နှောက်ကြည်ခဲ့ရပါပြီ။

ကလေးထင်သလိုမဟုတ်ဘူး...။

ကိုယ့်ကိုအဲလိုမကြည့်နဲ့ ကလေးရာ....။

ပန်းရောင်းရင်း ညောင်းကိုက်ဖျားလာသလိုဖြစ်တာကြောင့် ဆက်မရောင်းတော့ပဲ အရူံးခံကာ အိမ်ကိုစောပြန်လာခဲ့မိသည်။ လမ်းဘေး Convenient Store ဆိုင်တစ်ခုမှ အဆာပြေစားစရာချို့ဝယ်ယူခဲ့ပြီး အကိုက်အခဲပျောက်ဆေးပါ ဝယ်ယူခဲ့သည်။ ခန္ဓာကိုယ်ညောင်းကိုက်နာဖျားခြင်း သင်္ကေတအဖြစ် ပြသသည်မို့ စျေးစောသိမ်းကာ သမုဒါ အိမ်ပြန်ရောက်ခဲ့ပြီ။

တခဏနားယူပြီး ချစ်ရသူဦးထွဋ်အကြိုက်ဆုံးသော သရဖီပန်းလေးအချို့ ကိုင်ဆွဲကာ နှစ်အိမ်စပ်အကူး ခြေအလှမ်း ခဏ မြင်လိုက်ရသည့် ရုပ်ရှင်ပြကွက်တစ်ခုကြောင့် လက်ထဲရှိ သရဖီပန်းကုံးလေးကို ကျစ်ကိုင်ကာ မျက်နှာမလွှဲ ရပ်ကြည့်နေမိသည်။

သရဖီပန်းကုံးလေးကိုင်ကာ ဦးထွဋ်အိမ်ဘက်ခြေဦးအလှည့် မြင်လိုက်ရသည့်မြင်ကွင်းကနှလုံးကွဲဖို့ လုံလောက်ခဲ့ပြီမဟုတ်ပါ့လား။

အံ့အားသင့်ခြင်း၊ သိမ်ငယ်ခြင်းတို့က ရင်တွင်းတနေရာမှသည် စဉ်းစားတက်သည့် ဦးနှောက်ထဲထိ စပ်ဖျင်းဖျင်း ခပ်အောင့်အောင့် ထိုးနက်တိုက်ခိုက်ခဲ့ပြီ။

အမြင်အာရုံအား မျက်လွှာမချအား ....တစ်နေရာတည်းကိုသာ စူးစိုက်ငေးနေမိသည့် သမုဒါ။

" အားနာလိုက်တာကိုထွဋ်...."

ဘာစကားမှ ပြောခွင့်မပေးပဲ ကားပေါ်တက်ကာ အိမ်ပြန်ရန်နှင်နေသည့် ကိုထွဋ်မျက်နှာက အလိုမကျမူများကြောင့် မျိုးသစ္စာခြေလှမ်းတို့တပ်ဆုတ်ခဲ့ရပြီ။

" ကိုယ့်ဘာသာ ပြန်လိုက်ပါတော့ မမျိုးသစ္စာ...တောင်းပန်ပါတယ်"

ပန်းတစ်ပွင့်၏ ရိူက်သံ Where stories live. Discover now