အပိုင်း(၆)

1.2K 127 20
                                    

" သားငယ် ဒီမှာ အမေကြော်ပေးထားတယ်..."

" ဘာလို့အစောကြီးရတာလဲ မေမေရာ.....နားနေပါဆို ..." နူတ်ခမ်းလေးဆူကာ ပြောဆိုနေတဲ့ သမုဒါကြောင့် မိခင်ဖြစ်သူဒေါ်ပန်းမြိုင်ရင်ထဲ ပီတိအပြုံးတို့ချိတ်ဆွဲထား၏။

" ဒါနဲ့ အိမ်မှာပိုနေတဲ့ အဟောင်းပစ္စည်းလေးတွေ မေမေတို့ရောင်းကြရအောင်လေ သား..."

" ဟုတ်မေမေ ...သားတို့ငွေပိုထွက်တာပေါ့....စျေးထဲ မချိုကိုမေးကြည့်လိုက်မယ် အဆင်ပြေမယ့်အိမ်ငှါးလေး ရဖို့ ..."

" အေးပါသားရယ်...ဖြေးဖြေးရှာရင် အမေတို့ တွေ့မှာပါ .."

" အင်းပါ မေမေရယ် ကြုံတုန်းပြောကြည့်မယ့်သဘောလေးပါ...ဘဘကြီးဆီကငွေယူပြီး ဆက်နေရမှာအားနာတယ်အမေ..."

" ဒါပေါ့...ဟုတ်တာပေါ့...မေမေတို့ ရှာကြတာပေါ့.."

မေမေကြော်ပေးတဲ့ ထမင်းကြော်လေးစားပြီး ပန်းဆိုင်ထွက်ရန် လိုအပ်သည့် ပန်းကုံးတချို့ယူကာ စက်ဘီးအိုလေးဖြင့်အမှတ်(၂) စျေးမကြီးဆီသို့။ သူဌေးသူကြွယ်တွေ အိပ်စက်နေချိန်မနက်ဝေလီဝေလင်းကာလမှာ ဇိမ်ခံအိပ်စက်ရန် ကံဇာတာ သမုဒါအတွက် မပါခဲ့ချေ။ ဘဝအခြေအနေတွေကြား ကြိုးစားရုန်းကန်ရင်း နစ်သထက်နစ်ခဲ့ရပါသော ဆင်းရဲနွံ့ထဲ ကိုကိုကြီးကောင်းမူကြောင့် သက်ဆင်းခဲ့ရသော်လည်း ကိုကိုကြီးအမှားဟု တစ်ချက်ထုတ်မပြောဖြစ်ခဲ့ပါ။

သမုဒါဟာ သူ့အစ်ကိုအောင်မြတ်ကို သိပ်ချစ်သည်မို့...။

ဘယ်သောအခါမှ အပြစ်မြင်ခြင်း မရှိခဲ့ပါ။
အချိန်အနေအရ မိခင်အိုကြီးကို လုပ်ကြွေးခွင့်ရသည်ဟုသာ သမုဒါစိတ်ထဲ တွေး၍ အခက်အခဲကိုရင်ဆိုင်လျှက်ရှိ၏။

" အရမ်းစောသွားသလား သား ကိုထွဋ် "

" ရပါတယ် ဒေါ်ဒေါ် ..ထ်ိုင်ပါအုံး .."

" ရတယ်သား...မနက်အစော အားနာနာပဲ ကိုထွဋ်ရယ်...ဒေါ်ဒေါ်တို့လည်း ကိုယ့်အပူနဲ့ကိုယ်မို့ပါကွယ်.."

" အဆင်ပြေပါတယ်...ခဏနော်..."

" ရတယ် ကိုထွဋ်..."

ဒေါ်ပန်းမြိုင်ကို ဧည့်ခန်းနေရာချပေးအပြီး ကလေးငယ်များပါလေမလား လည်စောင့်ကြည့်မိသော်လည်း အရိပ်လေးတောင်ကပ်မပါခဲ့ပါလေ။ စိတ်အားငယ်နေရှာမလား...။
မနက်အစော ငိုနေရှာမလား...ကြံဖန်တွေးနေမိ၏။

ပန်းတစ်ပွင့်၏ ရိူက်သံ Where stories live. Discover now