အပိုင်း(၁၆)

1K 72 9
                                    

နှစ်ဦးသဘောတူ စိတ်လွတ်ကိုယ်လွတ် အချစ်နွံ့ထဲ ကူးခတ်ခဲ့ကြပြီး မနက်အရုဏ်လင်းခါ နီးချိန် နွေးထွေးလှသည့်သမုဒါကိုယ်လုံးငယ်အား ထွေးပွေ့လျှက် ထင်လင်းထွဋ် နိုးထခဲ့ရပြီ။ပုံမှန်နိုးထရက်များနှင့်မတူ ချစ်ရသူကလေးငယ်အား ထွေးပွေ့ထားပြီး ညတစ်ည၏ဖြစ်စဉ်အားလုံးကို အသေးစိတ်ကအစ ပုံဖော်ကြည့်နူးရင်း ခပ်ပါးပါးပြုံးနေမိသည်။

ရင်ခွင်ထဲတိုးကာ ခပ်ကွေးကွေးအိပ်စက်နေသူလေး ကလေးငယ်။
မျက်နှာအနေအထားအရ တစောင်းလေးကွေးထားသူမို့ ညာဘက်ပါးပြင်လေးပေါ် အနမ်းတပွင့်ခြွေချမိခဲ့ပြီ။

" ကိုယ့်ကလေးကကွာ....."

ကလေးငယ်ဆံစတို့အား သပ်တင်ပေးရင်း အိပ်စက်နေသည်ါ သမုဒါအနားက ထင်လင်းထွဋ်မခွါနိုင်ခဲ့။

ပျော်ရွှင်စရာအတွေးထဲနှစ်မျောနေစဉ် လက်အောက်ငယ်သားဖြစ်သူ ဝတီဆီက အရေးတကြီးဖုန်းခေါ်ဆိုမူအပြင် လုပ်ငန်းဆောင်ရွက်များကို တင်ပြနေပြန်သေးသည်။

တတီ~~တီ ခေါ်ဆိုနေသည့် တပည့်မဖြစ်သူ....

" ကိုယ်မလာလို့ မဖြစ်ဘူးလား ဝတီ .."

" တောင်းပန်ပါတယ်ဆရာ လာမှဖြစ်မှာမို့ပါ ..."

"Ok ...meeting အတွက်ပြင်ထားပေး ၉:၀၀ အတိအရောက်လာမယ် ..."

" ဟုတ်ကဲ့ပါဆရာ...."

သမုဒါလေး တစ်ယောက်တည်းဖြစ်နေမစိုးလို့ အလုပ်ကိုလှမ်းပြီး မလာတော့ဘူး ပြောခါမှအရေးတကြီး ကိုယ့်နဲ့တွေ့ချင်တယ်ဆိုသော ဧည့်သည်ကြောင့် မဖြစ်မနေသွားရမည်ဖြစ်သည်။

ဝတီဖုန်းဆက်ပြောလာသော အကြောင်းအရာတချို့ကြောင့်ကိုယ့်အသိမိတ်ဆွေ ဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်တူသောကြောင့် အလုပ်ကိုခဏသွားကာ တွေ့ဆုံရမည်လေ။ ဘာအကြောင်းရယ်မသိပေမယ့် ကုတင်ပေါ်က ကိုက်အရာအချို့ကြောင့် နီရဲနေသော အနမ်းသင်္ကေတတို့ကို ခြုံစောင်ပါးလေးက လွှမ်းနိုင်ဟန်မတူခဲ့။ ဖြူလွလွအရိပ်လေးရဲ့မူပိုင်ဖြစ်သော သမုဒါ က ကုတင်ပေါ်ဝယ် ခွေခွေလေးအိပ်နေပြန်သည်။

ဘယ်ဘက်ကုတင်စပ်ကို ခွေအိပ်ပျော်နေသောကလေးငယ်ရဲ့ အနီးဝင်ထိုင်၍ နဖူးပြေပြေပေါ်ခွေကာကျနေသည့် ဆံစများကို အပေါ်သပ်တင်ပေးကာ နံနက်ခင်းအနမ်းတစ်ပွင့်ဖြင့် နူတ်ဆတ်မိသည်။

ပန်းတစ်ပွင့်၏ ရိူက်သံ Where stories live. Discover now