" ဘယ်အချိန်ရှိနေပြီ ...."
ခြံတံခါးလေးသော့ခတ်နေစဉ် နောက်ပါးဆီကနေ ဦးထွဋ်ရဲ့ခပ်မာမာထွက်ပေါ်လာသော အော်ငေါက်သံတစ်ခုကြောင့် ကလေးငယ်ကျောတွန့်ကာ သော့ခတ်နေသည့်လက်များကတုန်ရီစပြုလာခဲ့သည်။
" ဗျာ....."
" ဒါ ဘယ်ချိန်ရှိနေပြီလဲ သမုဒါ..."
" ဟုတ်ကဲ့....၇နာရီလောက်ရှိနေပြီလား ဗျ.."
" ဘာကို ၇နာရီလဲ ၈နာရီထိုးဖို့ ၁၀မိနစ်လိုတော့တယ် ...မင်းဘယ်လိုလဲ ..မင်းဘယ်လိုတောင်လဲ..ဟမ်...ဒီအချိန်ဟာ မင်းအတွက်အရမ်းစော နေတယ်ထင်နေလား..."
" ဗျာ....."
" ငါကွာ.....! တောက်...."
ကျိတ်မနိုင်ခဲမရ...အဘယ်သို့သော အကြောင်းအရာပေါ်တွင် ထင်လင်းထွဋ်ပေါက်ကွဲရမည်မတွေးနိုင်ခဲ့။
မျက်စိရှေ့ရှိ ခေါင်းငုံ့ကာဖျော့လျော့နေသည့် ကလေးငယ်အပေါ်လည်း စကားကြမ်းများဖြင့် မထိုးနက်ချင်ခဲ့။ မှောင်ကျလာသည့်နေဆင်းချိန်များတွင် တစ်ယောက်တည်း ထိုင်မရ/ထမရ လမ်းထိပ်တွင်ခေါင်းဆိုက်ကာ ပြန်လာမည့်သူအား မျှော်နေမည်မတွေးပဲ အချိန်မသိ၊ အချိန်မကြည့်ပဲနေသည့် ထိုကလေးအား စေတနာဒေါသတို့ထိန်းမရခဲ့ပါ။
ကလေးငယ်တစ်ခုခုများ ဖြစ်နေမလား တွေးရင်း ပူလောင်လာသည့် မိမိစိတ်ကို ဘယ်လောက်ထိစိုးရ်ိမ်နေမည် ထိုကလေးငယ်သိမြင်မထင်ခဲ့။
"......."
ဦးထွဋ်စိတ်တိုနေမှန်းသိရက် သမုဒါ လက်ကလေးနှစ်ဖက်ကျစ်ကာ ခေါင်းငုံ့နေမိသည်။
ဖေဖေ့တရားစခန်းသွားတယ်အသိကြောင့် တစ်ယောက်တည်းကျန်ခဲ့သော ကလေးငယ်စျေးပြန်လာချိန်နှင့်ကွက်တိဖြစ်အောင် ညနေ ၅ခွဲကတည်းက အိမ်ပြန်ရောက်လာ ထင်လင်းထွဋ်အတွက် ကလေးငယ် ပန်းရောင်းပြန်လာမည့် အချိန်တွက် လည်ပင်းဆန့်ကာ ငေးနေခဲ့သည်က ထိုင်မရ/ ထမရ ....။
ညနေစာအတွက် အကုန်နီပါးချက်ပြုတ်ပြီးသည်တိုင် ပြန်ရောက်လာခြင်းမရှိသော ပန်းသည်လေး ကလေးငယ်က တစ်လမ်းပြီး တစ်လမ်း ၊ ရပ်ကွက် တစ်ခုမှနောက်တစ်ခုဆီသို့ စက်ဘီးလေးတစ်စင်းဖြင့် ခြေတိုအောင်လိုက်လံရောင်းချနေသည့် ကလေးငယ်ကို အဘယ်နေရာသို့ လိုက်လံရှာဖွေရမည်နည်း။
YOU ARE READING
ပန်းတစ်ပွင့်၏ ရိူက်သံ
Romansပန်းပန်ထားတဲ့ကောင်လေးတိုင်း အခြောက်*လို့ခေါ်မရဘူး....ဦးထွဋ် သမုဒါ မင်းတို့သားအဖအပေါ် ပျက်ကွက်ခဲ့တဲ့တာဝန်တွေထက် ငါကိုယ်တိုင်လိုလိုလားလားနဲ့ ပိုင်ဆိုင်ချင်တဲ့ မိသားစုလေးပါ သမုဒါ ထင်လင်းထွဋ် Daddy လို တိုက်ပုံအကြီးကြီး ဆွဲတက်ချင်တယ် ဖေ့ ပန်းမြတ်သဒ္ဒါထ...