အပိုင်း(၇)

1.2K 115 13
                                    

အပူတွေရှိသမျှ တွေးတောကာသာ ပူနေမယ်ဆို သမုဒါအတွက် နေစရာတောင်ရှိမည်မထင်ပါ။ ငယ်စဉ်ကတည်းက မိခင်အိုအား ကူညီဖေးမပေးတက်တဲ့ သမုဒါ၊ အရွယ်ရောက်သည့်အခါဝယ် မိသားစုတာဝန်ထမ်းဆောင်ရင်း သာမာန်လက်လုပ်လက်စားဘဝကနေ ရုန်းထွက်ဖို့ကြိုးစားရင် နစ်သထက်နစ်ခဲ့ရတဲ့ ဆင်းရဲနွံ့ထဲ ဘယ်ခါဝယ် လွတ်မြောက်နိုင်ပါ့မလဲ။
လက်ကျန်ပန်းစည်းတွေမှ ရွက်ဝါဖျောက်ထိုးနေသည့် ရွက်ဟောင်းတို့ချွေချရင်း အတွေးများထဲ သမုဒါ နစ်ဝင်နေခဲါသည်။

အပြင်မှပြန်လာသည့် အမေကို လှမ်းအမြင် ပန်းစည်းလေးအားချ၍ အမယ်အိုမိခင်အား လက်ကမ်းကြိုရင်း နှစ်သက်ဖွယ်အပြုံးလေးဖြင့် သမုဒါ ကြိုဆိုမိ၏။

"အမေ..ပင်ပမ်းလာသလား "

" မပင်ပမ်းပါဘူးသားရယ်...ဒါနဲ့ အမေ အဆင်ပြေခဲ့တယ် သားငယ် "

" ကောင်းတာပေါ့ .."

" ဒါနဲ့ သားငယ်ဘကြီးတို့ဆီ အမေခွင့်တောင်းခဲ့တယ်...အိမ်အပြောင်းရွေ့ ကိစ္စပေါ့ ..."

" ဘာတဲ့လဲ အမေ..."

" သားဘဘကြီးက မပြောင်းစေချင်ပါဘူး..ဒီအိမ်လေးမှာပဲ ဆက်နေပါတယ် ဒါပေမယ့် မေမေတို့ အခွင့်အရေးယူလို့မဖြစ်ဘူးမဟုတ်လား။ ရင်းနှီးမူ ခုတုံးမလုပ်ချင်လို့ မေမေလက်မခံခဲ့ဘူးသားငယ်..."

" ဟုတ်ပါတယ်..မေမေဆုံးဖြတ်တာအမှန်ဆုံးပဲ...သားတို့ဘဝတွေက ကွဲခြားပြီလေ"

" လောကဓံအကြောင်းကို အမေ့သား များကြီး ကြုံဆုံခဲ့ရလို့ အမေစိတ်မကောင်းပါဘူးသားရယ်...ဒီလိုပါပဲ..သားကိုကြီးလည်း အပြစ်မတင်တော့ပါဘူး...မိသားစုဆိုတာ ဆိုးအတူကောင်းအမျှမို့ သားကြီးပေးတဲ့ သုခမရှိသလောက်ရှားပေမယ့် သူ့ပေးတဲ့ဒုခတွေထဲ မေမေတို့ခုထိ ကူးခတ်နေရဆဲပဲ...ဘဝတူ ကံတူအကျိုးပေးတူတွေမို့ မေမေ ဘယ်သူ့မှအပြစ်မမြင်တော့ဘူး သား...သားဆိုးမိခင်လို့ ခေါ်ကြသလို သိတက်လိမ္မာတဲ့သားငယ်လေး မိခင်ဖြစ်ရတဲ့အတွက် မေမေဟာ အမြဲဂုဏ်ယူနေလျှက်ပါသား....စိတ်ဓါတ်မကျနဲ့...အားမငယ်စမ်းနဲ့သား...ဒါလောကဓံပဲ ..အမေတို့သားအမိ ကြံ့ကြံ့ခံနိုင်ရမယ်လေ သားရယ်...နော်..."

ပန်းတစ်ပွင့်၏ ရိူက်သံ Where stories live. Discover now