အပိုင်း(၅)

1.2K 124 16
                                    

ဦးထွဋ်တို့အိမ်ဘက်က ပြန်အလာ မျက်နှာမကောင်းတဲ့အမေကို အိပ်ယာထဲလှဲနေခိုင်းပြီး ညနေစာတစ်ခုခုကို ချက်ဖို့စီစဉ်ရတော့သည်။ မနက်ကတည်းက ကိုယ့်အခက်ခဲနဲ့ကိုယ်မို့စားမဝင်ပေမယ့် ကိုတိုးသိမ်းဆည်းပေးလာသော ပန်းထုတ်လေးများကို အိမ်ရှေ့ရေကန်ထဲ ဖြန့်တာဟာကဖြန့်၊ အရိပ်ထဲ ထားသင့်ရာက ထားပြီး ညနေခင်းပန်းဒိုင်ဆီကို အကြိုorderတင်ဖို့ ဆိုက်တွဲဆရာကိုတိုးကိုသာ အယူလွတ်ရမည်ဖြစ်၏ ။

ကိုယ့်အပူနဲ့ကိုယ်မို့ လက်ထဲကုပ်ကပ်စုထားသည်ကားက ဆယ်သိန်းပင်မပြည့်ခဲ့။ နောက်အပတ်ထဲ အိမ်ရွေးစေရန်အကြောင်းဖန်လာသည်မို့ ပိုလျံနေတဲ့ ပစ္စည်းများကို အဟောင်းစျေးဖြင့်ရောင်းသင့်တာရောင်းပြီး မေမေအတွက် လစဉ်ဆေးဖိုးကျန်အောင် သမုဒါဖန်တီးရမည်လေ။

အိမ်ပိုင်ဝိုင်းပိုင်မနေရတော့ပေမယ့် အကြွေးကင်းကင်းနေရတာမို့ စိတ်ထဲ များစွာဝမ်းနည်းမနေခဲ့ပါ။ မေ့မေအတွက် လစဉ်ဆေးဖိုးအတွက်ပဲခေါင်းထဲတွေးပြီး အိမ်ငှါးဘဝ ပန်းသည်လေး သမုဒါအဖြစ်သို့ တဖန်ပြန်၍ ကံကြမ္မာဇာတ်ဆရာ ကြိုးဆွဲရာအတိုင်း ကပြရအုံးမည်။

မေမေတို့ပြောဆိုပုံရလက်ထဲ သိပ်မကျန်တော့နည့်ငွေကြေးအကြောင်းတွေးရင်း လစဉ်သိန်းဂဏန်းချီ ကုသနေရသော မေမေ့ဆေးဖိုးကိုသာ တွေးတောလျှက် ဆွေးဆွေးငေးငေး အိမ်ရှေ့ထိုင်နေမိသည်။

အချိန်အားဖြင့် ၄နာရီကျော်နေသည်မို့ မေမေအတွက် ညစာချက်ပြုတ်ပေးပြီး စက်ဘီးလက်ကိုင်လေးအတွင်းပန်းကုံးများထည့်ထားသည့် ပန်းခြင်းတောင်းလေးတပ်ဆင်ကာ ရပ်ကွက်ထဲ ပန်းရောင်းထွက်ရအုံးမည့် အကျည်းတန်ညနေခင်းများစွာကို သမုဒါပိုင်ဆိုင်ထားသည်။

လူငယ်ဘဝပျော်စရာများစွာက သမုဒါနဲ့ မဆိုင်သလိုကွာခြားလွန်းသည်မို့ ငယ်ရွယ်စဉ်ကတည်းက မိခင်သောကကိုမျှဝေခံယူလာသူပီပီ လူငယ်လူရွယ်ဘဝကိုစွန့်လွတ်ကာ ဘုရားစေတီရှေ့၊ ရပ်ကွက်ဓမ္မာရုံရှေ့၊ ဘတ်စ်ကားမှတ်တိုင်ရှေ့တွင် ဒီလိုညနေခင်းတိုင်းမှာ ပန်းရောင်းနေသည့် သမုဒါကို မြင်တွေ့ရနိုင်သည်။နဂိုထက် နှစ်ဆပိုးတိုးကာ လုပ်ကိုင်ရမည့်ဘဝပေးအခြေအနေမို့ ဝင်ငွေလမ်းရှာဖွေရင်း လိုက်ပို့နေကြဖောက်သည်တွေအိမ်ရှေ့ လူခေါ်ဘဲလေးတီးကာ ပန်းကုံးလေးများ ပို့ပေးရသည်။

ပန်းတစ်ပွင့်၏ ရိူက်သံ Where stories live. Discover now