နွေးထွေးကျယ်ပြန့်လှသည့် အိမ်မက်ကမ္ဘာထဲဝယ် သမုဒါ မြတ်န်ိုးရသော ရောင်စုံပန်းဖူး/ပန်းပွင့်များကြား ကခုန်ပြေးလွှားသည့်နှယ် ပေါ့ပါးလွန်းသည့် ကိုယ်ခန္ဓာက သင်းပျံ့ပျံ့မွှေးရနံ့တို့ကြိုင်လိူင်စွာဖြင့် လေအသော့မှာ ယိမ်းနွဲ့ကခုန်ရင်း သမုဒါတစ်ယောက် အိမ်မက်ကမ္ဘာဝယ် ပြေးလွှားနေသည်။
ဖြူ/နီ/ဝါ /ညို ကန္ဓာမာရောင်စုံပန်းခင်းကြီးအလယ် ကြီးမားသော အဖြူရောင် ပန်းစည်းကြီးကိုမနိုင်တနိုင်ပွေ့ဖက်ထားသော သမုဒါအား တစ်စုံတစ်ယောက်က နား, အကြားဝယ် အဖြူရောင်သေးငယ်သည့် ပန်းလေးတစ်ပွင့် ပန်ဆင်ပေးသည့်နှယ် ပြုံးလျှက်သား ခေါင်းညိတ်ကာ ကျေနပ်နေသည့် သမုဒါ ။...အပြုံးလေးယဉ်စစမှာ နားအကြားရှိ ပန်းပွင့်ကလေးအား နမ်းရိူက်ကြူမွှေးနေသည့် ဝေးဝါးပုံရိပ်အသွင် အိမ်မက်ကမ္ဘာထဲဘယ်လောက်တောင်ပျော်မွှေ့နေမယ်ဆိုတာ နိုးထပြီးဖြစ်သော ထင်လင်းထွဋ်တစ်ယောက် မိမိရင်ဘတ်ပေါ်က သမုဒါ ရောင်ရမ်းကာ ပြုံးပျော်နေသည်ကို ဆံနွယ်စလေးအား ကလေငယ် နားအကြားထဲ ညှပ်ပေးကာ စိုက်ကြည့်နေမိသည်။
" ကိုယ်ရင်ခွင်ထဲရှိ ပန်းမွှေးလုံးလေး ဘာကို သဘောကျနေပါလိမ့် " တိုးတွတ်ကာရေရွတ်မိသည့် စကား။
ပေါ့ပါးလွန်းသည့် ကလေးငယ်ကိုယ်ခန္ဓာလေးက မိမိရင်ဘတ်ပေါ်သို့ ခေါင်းတင်ပြီး ရင်ဘတ်ကို သိုင်းဖက်ထားထားသည့်ကလေးငယ် အိပ်စက်ရာ ဘယ်လောက်ဆိုးလဲဆိုရင် ထင်လင်းထွဋ် ပေါင်တစ်ခုလုံးကိုလည်း ခွခေါင်းအုံးသဖွယ် ကျစ်နေအောင်ဖက်တွယ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးပစ်မှီကာ မှေးစက်နေသည့်ကလေးငယ်က််ို မနက်စောစော တင်းကျပ်စွာပွေ့ဖက်ခံထားရခြင်းနှင့်အတူ န်ုးထလာသည့် Architect ကြီး ထင်လင်းထွဋ်။
အလိုမကျစွာ မျက်မှောင်ကျုံ့လိုက်...မျက်လုံးလေးပွင့်မလာသည့်တိုင်း ပြုံးစစရယ်သောသံသေးသေးလေးဖြင့် အိမ်မက်ကမ္ဘာထဲ ကခုန်နေသည့် ရင်ဘတ်က ကလေးအား၏ လူပ်ရူပ်သက်ဝင်မူတိုင်းကို ထင်လင်းထွဋ် ငေးမောကြည့်နေမိသည်။
တစ်ခဏအကြာ မျက်မှောင်လေးကျုံ့သည်နှင့် ....
" ဘာလို့လဲ......"
YOU ARE READING
ပန်းတစ်ပွင့်၏ ရိူက်သံ
Romanceပန်းပန်ထားတဲ့ကောင်လေးတိုင်း အခြောက်*လို့ခေါ်မရဘူး....ဦးထွဋ် သမုဒါ မင်းတို့သားအဖအပေါ် ပျက်ကွက်ခဲ့တဲ့တာဝန်တွေထက် ငါကိုယ်တိုင်လိုလိုလားလားနဲ့ ပိုင်ဆိုင်ချင်တဲ့ မိသားစုလေးပါ သမုဒါ ထင်လင်းထွဋ် Daddy လို တိုက်ပုံအကြီးကြီး ဆွဲတက်ချင်တယ် ဖေ့ ပန်းမြတ်သဒ္ဒါထ...