🌊4🌊

2.4K 137 16
                                    

Unicode

ထယ်ယောင်းဆေးရုံတက်နေတာ တစ်ပတ်ကျော်ပြီးဖြစ်သော်လည်း ဆရာဝန်ကပေးမဆင်းသေးသဖြင့် ဆက်ပြီး ဆေးရုံတက်နေရတာ ထယ်ယောင်းမပျော်သောကြောင့် ဂျောင်ဂုအား ဆေးရုံကဆင်းရရန် ဂျီတိုက်နေလေသည်။

"နေမကောင်းသေးဘူးလေ...ထယ်လေးက..."

"မသိဘူး...ထယ့်လက်တွေနာတယ်...ဆေးတွေထိုးရတာ...ပြီးတော့ ဆေးရုံမှာနေရတာမကြိုက်ဘူး..."

"ကိုယ်...ဆရာဝန်ကိုမေးကြည့်အုံးမယ်...ဆရာဝန်က ဆင်းလို့ရတယ်ဆို ဆင်းကြမယ်လေ..."

"မရဘူး...ဆရာဝန် ဆင်းခိုင်းမဆင်းခိုင်း ဆင်းမှာပဲ..."

"အဆုိးလေးကတော့...ခနလေးနော်..."

ဂျောင်ဂုလဲ ထယ်ယောင်းကို ခနထားခဲ့ကာ ဆရာဝန်စီလာပြီး ဆေးရုံကဆင်းခွင့်တောင်းတော့ ဆရာဝန်က ပုံမှန် ဆေးသောက်ပေးပြီး တစ်လတစ်ခါ ဆေးစစ်ပေးရင် ဆေးရုံဆင်းလို့ရကြောင်း ပြောလိုက်တော့ ဂျောင်ဂုလဲ ထယ်ယောင်းကို သတင်းကောင်းပြောပြရန် ထယ်ယောင်းအခန်းထဲ အမြန်ပြန်လာလိုက်လေသည်။

"ထယ်လေးရေ...ဆေးရုံဆင်းလို့ရတယ်တဲ့..."

အခန်းအပေါက်ဝကနေပင် ဂျောင်ဂုထယ်ယောင်းအား အော်ပြောလိုက်တော့ ထယ်ယောင်းကိုယ်လုံးလေးတုန်တက်သွားကာ မျက်ရည်များစီးကျလာကာ...။

"ခု...ခုနက လူကြီးတစ်ယောက်လာသွားတယ်...ထယ် သူ့ကိုကြောက်တယ် ကိုကို..."

ထယ်ယောင်းက လက်သည်းအား တတိတိကိုက်ကာ ဂျောင်ဂုအားပြောပြနေလေသည်။

"ဘယ်သူလဲ...ကိုယ့်ကိုပြော..."

"ထယ်လဲသူ့ကိုမသိဘူး...သတိထားနေလို့ ပြောသွားတယ်...သူ့ပုံကအရမ်းကြောက်ဖို့ကောင်းတယ်...တကုိယ်လုံးအမဲတွေဝတ်ထားပြီး မျက်နှာကိုလဲ မျက်လုံးနှစ်လုံးပဲဖော်ထားတယ် ကိုကို ထယ်သူ့ကိုကြောက်တယ်..."

ဂျောင်ဂုလဲ ထယ်ယောင်းရဲ့ အရမ်းကြောက်နေတဲ့ ပုံစံကြောင့် ဟန်မင်းကိုဖုန်းဆက်ကာ ဂျောင်ဂုခနထွက်သွားတုန်းက ထယ်ယောင်းတစ်ယောက်ထဲ ကျန်ခဲ့တဲ့အချိန်အား cctv ၌ရှာခိုင်းလိုက်လေသည်။

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now