🌊14🌊

2.3K 115 15
                                    

Unicode

ကနေသော ကောင်းလေးနှစ်ယောက်အား ကြည့်နေသူမှာ အခြားသူမဟုတ် ဂျောင်ဂုနဲ့ ယွန်းဂီပင်ဖြစ်လေသည်။

ယွန်းဂီက ဂျီမင်းကလပ်သွားမယ်ပြောတုန်းက စိတ်မချပေမဲ့ ကောက်စိန်လေး စိတ်ကောက်မှာဆိုးသောကြောင့်...လွှတ်လိုက်ရပေမဲ့ သူ့ရုံးခန်းအား ဝုန်းဒိုင်းကြဲရောက်လာသော ဂျောင်ဂုကြောင့် ထိုကလပ်ကိုသာရောက်လာခြင်းဖြစ်သည်။

ဒီကလပ်ကိုပဲ လိုက်လာတာ မှန်လေသည်။

ထယ်ယောင်းနဲ့ဂျီမင်း ကလပ်ထဲ ဝင်လာထဲက နှာဗူးအကြည့်နဲ့ ကြည့်နေသော ကောင်တွေအားတွေ့သောလဲ ထယ်ယောင်းနဲ့ဂျီမင်း မထိခိုက်သေးသရွေ့ဝင်မပါရန် ဆုံးဖြတ်ထားသည်။

မဟုတ်လျှင် ဂျီဂျီလေးက နေရာတကာဝင်ပါတယ်ဆိုပြီး စိတ်ကောက်မှာဆိုသောကြောင့် ဖြစ်သည်။

ဂျောင်ဂုအား လှမ်းပြဖို့လုပ်လိုက်ပေမဲ့ တစ်ကောင်သားက အရက်ခွက်ကြီးကိုင်ကာ သူ့ဟာလေးအား မျက်လုံးကျွတ်ကျမတက် ကြည့်နေသောကြောင့် ယွန်းဂီပင် ထယ်ယောင်းအား ပြစရာမလိုပင်...။

"ယွန်းဂီရား..."

"မင်းဟာလေကော...ငါ့ဟာလေးကောက ဘာတွေဝတ်ထားတာလဲ..."

"သူတို့က လူငယ်တွေလေ... ခပ်မိုက်မိုက်တွေဝတ်မှာပေါ့..."

"သိပါတယ်ကွာ...ဟိုနွားတွေကြည့်နေလို့ကွ..."

"ဒါများ ပိုင်ဆိုင်တွေရှိမှန်းသိအောင် လုပ်လိုက်ကြရအောင်..."

"ဘယ်လိုမျိုးလဲ..."

"စောင့်ကြည့်နေလိုက်လေ..."

ဂျောင်ဂုသည် ယွန်းဂီကိုပြောပြီး...ဂျီမင်းနားသွားကာ အနောက်ကနေ ဂျီမင်းခါးအားဆွဲဖက်ကာ ပါးအားလှမ်းနမ်းလိုက်ပြီး...ဂျောင်ဂုထိုင်နေသော နေရာအား မျက်စိတစ်ဖက်လှမ်းမှိတ်ပြလေသည်။

ဂျောင်ဂုလဲ ယွန်းဂီလုပ်သွားတဲ့ပုံကို အမုိက်စားမို့ သူလဲလုပ်ရန် ထလာလေသည်။

ဂျီမင်းကတော့ အနောက်ကခါးကို လာဖက်သော နှာဘူးကောင်ကြောင့် ဆဲဖို့လုပ်လိုက်ပေမဲ့ လာဖက်တဲ့လက်က ဖြူစုတ်နေသောကြောင့် စစကသရဲလက်ထင်မိသွားသော်လည်း အဘိုးကြီးရဲ့စွပ်နေကြ ရေမွှေးအနံ့ကြောင့် မင်ယွန်းဂီမှန်းသိသွားလေသည်။

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now