🌊10🌊

2.2K 113 13
                                    

Unicode

"ထယ်ထယ်...မင်းကို...ကျောင်းလစ်တာ...မင်းကိုကိုဆူသေးလား..."

"အင်းဆူတယ်..."

"တောင်းပန်ပါတယ်ထယ်ယောင်း...ငါ့ကြောင့် ဆူခံရပြီ..."

" မင်းကြောင့်မဟုတ်ပါဘူး...ငါလဲအလိုတူအလိုပါ...လိုက်တာပဲလေ...မင်းကြောင့်မဟုတ်လို့...စိတ်ထဲမထားနဲ့နော်..."

"အင်းပါ...ဒါနဲ့လေ..."

"ပြော..."

"မင်းကိုကိုက...မင်းကျောင်းလစ်တာကိုဆူတယ်...အဘုိးကြီးကျ ငါကျောင်းလစ်လဲတစ်ပြုံးပြုံးပဲ...အဘိုးကြီးက ငါ့ကိုစာမေးပွဲကျစေချင်နေတာနေမယ်..."

ဂျီမင်း အဘိုးကြီးလို့ပြောထဲက ယွန်းဂီဟျောင်းမှန်း ထယ်ယောင်းအတက်သိ၍ ဆက်နားထောင်နေရင်း ဂျီမင်းရဲ့ အဆုံးသတ်စကားကြောင့် ထယ်ယောင်းရီချင်သွားသည်။

ဂရုစိုက်တော့လဲ အဘိုးကြီး...အဘိုးကြီးနဲ့...ပြုံးပြတော့လဲ...စာမေးပွဲကျစေချင်လို့တဲ့...ထယ်ယောင်းလဲ သူ့သူငယ်ချင်း ဂျီမင်းအား မနုိင်တော့ပါ...။

"မင်းကတော့လေ...မပြောချင်တော့ပါဘူး..."

"ဘာလဲဆက်​ပြောလေ...ထယ်ထယ်ကလဲ..."

"ငါယွန်းဂီဟျောင်းကို သနားတယ်သိလား..."

"သူကို ဘာသနားတာ..."

" မင်းရစ်တာကိုပြုံးပြုံးကြီးနဲ့ခံပြီး မင်းအလကားမြိုစို့သမျှဘာမှမပြောပဲ ဖူးဖူးမှုတ်ထားတာတောင် မင်းက မရုိမသေလုပ်နေလို့ ယွန်းဂီးဟျောင်းကို သနားတာ..."

"သနားရင် မင်းယူလိုက်လေ..."

"တော်စမ်းပါ မင်းရဲ့လူအရပ်က မင်းနဲ့ပဲလိုက်တာ...ဟားဟား..."

"ထယ်ထယ်...မင်းအခုငါ့ကို သွယ်ဝိုက်ပြီးပုတယ်လို့ပြောလိုက်တာလား..."

" ဟုတ်တယ်လေ..."

"ကင်မ်ထယ်ယောင်း မပြေးနဲ့ ငါနဲ့တွေ့မယ်..."

ထယ်ယောင်း ထွက်ပြေးနေရင်း အနောက်လှည့်ကြည့်လိုက်​တော့ သူ့ကိုအရပ်ပုတယ်ပြောလို့ ဒေါသထွက်နေတဲ့ဂျီမင်းက အနောက်ကအပြေးလိုက်လာတာကြောင့် သူငယ်ချင်းနှစ်ယောက် ဘောလုံးကွင်းမှာ ချွေးသံတရွဲရွဲနဲ့ ထွက်ပြေးလိုက် စလိုက်လုပ်နေကြလေသည်။
.

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now