🌊9🌊

2.1K 112 16
                                    

Unicode

ကျောင်းလစ်ပြီး မုန့်သွားစားနေတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂု ထယ်ယောင်းကိုဆူရန် အိမ်ပြန်လာလိုက်လေသည်။

အိမ်ထဲရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေသဖြင့် အိုမား... အာပါးစီလိုက်သွားမှန်းသိလိုက်ကာ...အပေါ်ထပ်က ထယ်ယောင်းအခန်းကိုသာ တက်လာလိုက်လေသည်။

ဒေါက်...ဒေါက်...။

ဂျောင်ဂု ထယ်ယောင်းအခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်လေသည်။

"အာ...ကိုကိုပါလား..."

ထယ်ယောင်း တံခါးလာဖွင့်တော့ ဂျောင်ဂုသည် ထယ်ယောင်းကို ဘာမှမပြောပဲ အခန်းထဲဝင်သွားလေသည်။

"တော်တော် ပျော်နေလား..."

"ဗျာ...ဘာကိုလဲကိုကို..."

"ကျောင်းပြေးပြီး...မုန့်စားရအောင်လေ..."

"ခုမှ ပထမဆုံးလုပ်ဖူးတာပါ...ကိုကိုရဲ့..."

"ကျောင်းပြေးတာကထားပါတော့...ကော်ဖီမှောက်လောက်အောင်ထိ ဘယ်တွေငေးပြီးလျှောက်နေတာလဲ ..."

ထယ်ယောင်းသည် သူ့အား ရုတ်တည်ကြီးနဲ့ အော်နေသော ကိုကိုကြောင့်...မျက်ရည်လေးတွေပင် ဝဲလာလေသည်။

ထယ်ယောင်း ရင်ဘတ်သည် အပူလောင်သွားသောကြောင့် ဆေးလိမ်းမလို့ လုပ်နေချိန် ကိုကိုကရောက်လာပြီး ဆူနေသောကြောင့် ထယ်ယောင်း စိတ်ဆိုးကာ....။

"ကိုကိုကကော...ထယ်အခုလို အပူလောင်နေတာတောင် မသိချင်ယောင်ဆောင်ခဲ့တာပဲမလား...အခုကျဘာလို့လာအော်နေတာလဲ...ဟင့်ကိုကိုမကောင်းဘူး..."

ထယ်ယောင်းသည် ဂျောင်ဂုအားပြောကာ ငိုချလေသည်။

ဂျောင်ဂုသည် ရုတ်တရက်ငိုချလိုက်တဲ့ ထယ်ယောင်းကြောင့် လန့်သွားကာ ထယ်ယောင်း အရှေ့သို့ တိုးကပ်လာလေသည်။

"အရမ်းနာသွားတာလား...ကိုယ့်ကိုပြကြည့်..."

"ဟင့်အင်း ထွက်သွားမပြဘူး..."

ထယ်ယောင်းက ငိုကာ ဂျောင်ဂုကို တွန်းထုတ်နေသောကြောင့် ဂျောင်ဂုလဲ ထယ်ယောင်းလက်နှစ်ဖက်လုံးအား ဂျောင်ဂုရဲ့လက်တစ်ဖက်နဲ့ချုပ်ကိုင်လိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် ထယ်ယောင်းအကျီကြယ်သီးအား ဖြုတ်လိုက်လေသည်။

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now