🌊1🌊

6.6K 237 35
                                    

Unicode

"ထယ်လေးရေ...ဆိပ်ကမ်းဘက်မသွားနဲ့နော်...ရေတက်နေတယ်..."

"nae...ကျွန်တော်မသွားပါဘူး စိတ်ချပါ အိုမားရဲ့..."

မိုးတွင်းဘက်ဖြစ်တာကြောင့် ထယ်ယောင်းတို့နေတာ ဘူဆန်ကရွာဘက်လေးမှာဖြစ်သောကြောင့် ရေတက်ချိန်ဆို ဆိပ်ကမ်းက အန္တရာယ်များေသာေကြာင့် ထယ်ယောင်းအမေက ထယ်ယောင်းအား ဆိပ်ကမ်းဘက်မသွားခိုင်းခြင်းဖြစ်သည်။

ထယ်ယောင်းအသက်မှာ ၂၀ရှိပြီဖြစ်သော်လည်း အိမ်ကကလေးတစ်ယောက်လို သဘောထားပြီး အရာရာစိတ်ပူနေတုန်းဖြစ်တာကြောင့် ဆိုလ်းသွားချင်သော ထယ်ယောင်းမှာ အိုမားကစိတ်မချဘူးဆိုသောကြောင့် မသွားဖစ်ပေ...။

ထယ်ယောင်းတို့ မိသားစုက အရမ်းချမ်းသာတာမျိုးမဟုတ်ပေမဲ့ အသင့်အတင့် ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းထဲက ဖြစ်လေသည်။

ထယ်ယောင်းသည် အားရင်အားသလို ဆိပ်ကမ်းဘက်လာကာ ငါးမျှားလေ့ရှိပြီး တစ်ခါတစ်လေကျ မိုးချုပ်သွားတဲ့အထိ ထမင်းမေ့ဟင်းမေ့ ငါးမျှားလေ့ရှိသော်ကြောင့် အိုမားက ဆိပ်ကမ်းဘက်မသွားခိုင်းခြင်းဖြစ်သည်။

မသွားခိုင်းလျှင် ပိုသွားသော ထယ်ယောင်းတစ်ယောက် ညနေငါးနာရီရှိနေပြီ ဖြစ်သော်လည်း နဂုိထဲက ငါးမျှားချင်လို့ ထနေတဲ့ ပိုးလေးကကြွလာကာ အ​ုိမားဆိပ်ကမ်း မသွားခိုင်းတာကို မေ့လိုက်ကာ ငါးမျှားတံ ကိုင်ကာ ဆိပ်ကမ်းဘက်သို့ ထွက်လာလိုက်လေသည်။

တစ်ဖက်တွင်လည်း ကောင်လေးတစ်ယောက်က သူ့အဖေခိုင်းသော ကိစ္စကြောင့် ဘူဆန်လာရင်း မိုးတွေက ရွာနေတာမို့ လမ်းချော်နေသောကြောင့် သတိထားမောင်းနေစဉ်...။

သူ့အရှေ့ကို ရုတ်တရက် ပြေးလာသော အရိပ်တစ်ခုကြောင့် ကားကိုအမြန်ရပ်လိုက်ပါသောလမ်းချောသွားသောကြောင့် အရှေ့က ဖြတ်ပေးလာသော အရိပ်လေးကို တိုက်မိသွားလေသည်။

ဒုန်းးး!

"ကျစ်...သွားပြီ..."

ဂျောင်ဂုတစ်ယောက် မျက်လုံးများပင် ပြာဝေသွားကာ ကားပေါ်က အမြန်ဆင်းကာကြည့်လိုက်တော့...တိုက်မိသွားသော နေရာရဲ့ ခပ်လှမ်းလှမ်းနားမှာ ဘေးတိုက်လေးလှဲကာ သွေးများအိုင်နေသော ကောင်လေးတစ်ယောက်ကြောင့်...ဂျောင်ဂု ချွေးစီးများပင်ထွက်လာကာ ထိုကောင်လေးအနားသွားကာ လှုပ်နိုးလိုက်လေသည်။

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now