🌊13🌊

2.2K 115 12
                                    

Unicode

"ကိုကို့ကို ပြောစရာရှိလို့ပါ..."

ေဂျာင်ဂုလဲ သူ့အခန်းရှေ့ရပ်နေသော ထယ်ယေ​ာင်းအား အခန်းထဲဝင်စေလိုက်လေသည်။

"ပြောလေ...ထယ်လေး...အရေးကြီးလို့လား...ညကြီးရောက်ချလာလို့လေ..."

"အဲ့လိုမျိုးမဟုတ်ပေမဲ့ မေးစရာလေးရှိလို့ပါ..."

"မေးလေ...ထယ်လေး..."

"ထယ့်ကို မောင်းမထုတ်ဘူးလားဟင်..."

"ဘာတွေပြောနေတာလဲ ထယ်က ကိုယ်နားမလည်ဘူး..."

"ထယ်က ဘူဆန်ကလေ ထယ့်ကိုကိုကားတိုက်မိလို့ တာဝန်ယူတဲ့သဘောမျိုးနဲ့ ခေါ်ထားတာမဟုတ်လား အိုမားတို့ကိုတောင်ခေါ်ထားတယ်လေ...အခုထယ်လဲ ကျောင်းပြီးပြီးဆိုတော့ ကိုကိုက ထယ်တို့ကို ဘူဆန်ပြန်ပို့တော့မယ် လို့တွေးမိလို့ပါ..."

"ကိုယ် ထယ့်ကိုတစ်ခါမှ...ဘူဆန်ကပြန်ပို့ဖို့ မတွေးဖူးဘူး...ထယ်နဲ့ထယ့်မိသားစုရှိတာ ကိုယ့်ကိုဝန်ထုပ်ဝန်ပိုမဖြစ်စေပဲ ကိုယ်ပျော်တယ်လေ...ထယ်ကဘာလို့အဲ့လိုတွေးလိုက်ရတာလဲ..."

"ထယ်က...မငယ်တော့ဘူးလေ...အလုပ်သေချာလုပ်ပြီး အိုမားတို့ကိုရှာကျွေးရ​တော့မှာ...ပြီးတော့ကိုကိုကလဲ မကြာခင် ကိုကို့မှာလဲ မိသားစု ရှိလာမယ်လေ...ထယ့်မှာလဲရှိလာမယ်...အဲ့ကျ ဘာမှမတော်တဲ့ သူတွေကို ခေါ်ထားရတာ ကိုကို့အတွက်အဆင်ပြေမယ် မထင်ဘူး...ပြီး​တော့ ထယ်နေကောင်းသွားပြီလေ....

"အဲ့တော့ ဘူဆန်ပြန်သွားမယ်လို့ ပြောချင်တာလား..."

"ကိုကိုသာ သွားခိုင်းမယ်ဆိုရင်ပေါ့..."

"ငါမသွားခိုင်းဘူး...ငါဘယ်တော့မှလဲ မင်းကိုထွက်သွားခွင့်ပေးမှာမဟုတ်လို့ မင်းကငါ့ဘေးမှာပဲ နေရမယ်..."

ဂျောင်ဂုသည် ထယ်ယောင်းအား မင်းနဲ့ငါတွေပင် ပြောကာ အခန်းတံခါးအား စောင့်ပိတ်ကာ အောက်ဆင်းသွားပီး ကားထုတ်ပြီး အပြင်ထွက်သွားလေသည်။

ဂျောင်ဂုအခန်းထဲ ကျန်ခဲ့တဲ့ ထယ်ယောင်းကတော့ သက်ပြင်းချနေလေသည်။

သူပြောတာမှားသွားတာလား...ဒါမဲ့ဖြစ်သင့်တာကိုပြောပြပေးရုံလေးပါ...။

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now