🌊2🌊

2.9K 185 15
                                    

Unicode

"ထယ်ယောင်း မိဘတွေကိုခေါ်လိုက်ပြီလား... ဟန်မင်း..."

"ဟုတ်ကဲ့ ကျွန်တော် ဖုန်းဆက်ထားပါတယ်..."

ဂျောင်ဂုရဲ့ အတွင်းရေးမှူးဟန်မင်းက ပြောလိုက်မှာ ဂျောင်ဂုသက်ပြင်းအထပ်ထပ်ချမိသွားလေသည်။

ေဂျာင်ဂု ထယ်ယောင်းကို တိုက်မိတုန်းက နေရာမှာ cctvရှိသောကြောင့် လိုလိုပိုပို ဂျောင်ဂုယူခိုင်းထားပြီး အက်စီးဒန့်ဖြစ်တဲ့ အချိန်ကို ရစ်ကြည့်လိုက်တော့ ထယ်ယောင်းက အနောက်က လူတစ်ယောက်လိုက်လာလို့ အသည်းအသန်ပြေးလာသလိုသာ တွေ့ရပြီး ကားအရှေ့က ဖြတ်ကူးလိုက်ပုံကိုသာတွေ့ရ၍ cctvအား ထယ်ယောင်းမိဘတွေအား ဂျောင်ဂုတွေးနေမိသည်။

"သားး...သားလေးကော..."

အပြင်ကနေ အလန့်တကြား အသံကြောင့် ထယ်ယောင်းမိဘတွေလာမှန်း ဂျောင်ဂုသိသွားပြီး တံခါးအား ဖွင့်ကာ အထဲသို့ဝင်စေလိုက်လေသည်။

"အမလေး...ငါ့သားလေ...ရှင့်သားကို ကြည့်ပါဉီး..."

ထယ်ယောင်းအမေက ဆေးရှိန်ဖြင့် အိပ်ပျော်နေသော သူ့မသားဖြစ်သူအား သူမယော်ကျားအားပြကာ ငိုလေသည်။

"စိတ်လျော့ပါ မိန်းမရယ်...ကလေးက အိပ်နေတယ်လေ..."

ထယ်ယောင်းအဖေ ဖြစ်သူက သူ့မိန်းမအားချော့ကာပြောပြီး ဂျောင်ဂုဘက်လှည့်လာကာ...။

"သားကို ဆေးရုံတင်ပေးလို့ ကျေးဇူးတင်ပါတယ်..."

"ကျွန်တော်က ထယ်ယောင်းကို ကားနဲ့တိုက်လိုက်တဲ့ သူပါဗျာ..."

"အန်ကယ်သိပါတယ်...cctvကြည့်လိုက်ရတယ် သားရဲ့ အတွင်းရေမှူးပြတာ.."

"ဟုတ်ကဲ့ပါ...ဒါပေမဲ့ ကျွန်တော်တိုက်လိုက်တာမို့ အစစအရာတာဝန်ယူပေးပါ့မယ်...ပြီးတော့ပေါ့ဆစွာကားမောင်းမိလို့ တောင်းပန်ပါတယ်..."

"မလိုပါဘူး...အန်တီသားက...ကားအရှေ့ပြေးဝင်လာတာပဲ မဟုတ်လား..."

ဂျောင်ဂုလဲ သူတောင်ပြရမလား မပြရမလား စဉ်းစားနေတဲ့ဟာကို ဟန်မင်းက အရင်ပြလိုက်သော်ကြောင့် ဟန်မင်းအား ​လှမ်းကြည့်လိုက်တော့ ဂျောင်ဂုအကြည့်အား လွှဲကာ နံရံဖက်ကိုကြည့်နေလေသည်။

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now