🌊5🌊

2.3K 132 15
                                    

Unicode

"ဒါကိုကိုအိမ်လား..."

"အင်း...ကိုယ့်အိမ်လေ..."

"လှလိုက်တာ...ဒီလိုမိုက်တဲ့ အိမ်မျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး..."

ထယ်ယောင်းပြောတာလဲ မမှားပေ... ဂျောင်ဂုအိမ်က ခြံထဲကိုကားဝင်တာတောင်၁၀မိနစ်လောက် ဝင်ရသောကြောင့် ဖြစ်သည်။

အဖြူရောင် လုံးကျင်းအိမ်ကိုမှ အတော်ကိုကြီးလေသည်။

ဘေးမှာ မြက်ခင်းစိမ်းစိုစိုလေးတွေရှိပြီး ပန်းခြံလဲရှိသလို ရေကူးကန်လဲရှိလေသည်။

ထိုသို့ကြီးမားလှပသော အိမ်ကို ထယ်ယောင်း မမြင်ဖူးသောကြောင့် ဖြစ်သည်။

"ခုမြင်ဖူးပြီမလား...နောက်ဆို ဒီမှာပဲနေရတော့မှာလေ...ပျော်လားထယ်လေး..."

"ဝါး...တကယ်လား...ဒီလိုတိုအမြဲနေမှာနော်..."

"ဟုတ်ပါပြီ...ကြုိက်သလိုနေ ထယ်လေးအိမ်လို့သဘောထားပြီး..."

"ဟုတ်ကဲ့ပါကိုကို..."

"အိပ်ထဲဝင်ရအောင်..."

" ဟုတ်ကိုကို..."

ဂျောင်ဂုက အထုပ်တွေမပြီး အရှေ့က ထွက်သွားပြီး ထယ်ယောင်းက ဂျောင်ဂုအနောက်ကနေ...စတော်ဘယ်ရီနို့သောက်ကာ လိုက်လာလေသည်။

ဂျောင်ဂုလဲ အနောက်ကိုလှည့်ကြည့်လိုက်တော့ စတော်ဘယ်ရီနို့သောက်ကာ သူ့အနောက်က ကပ်လိုက်လာသော ကောင်လေးကြောင့် ပြုံးမိသွားပြီး အိမ်ထဲဝင်လိုက်လေသည်။

အိမ်ထဲရောက်တော့ အိုမားနဲ့အာပါးက ထယ်ယောင်းအဖေ အမေတို့နဲ့ စကားပြောနေလေသည်။

"ဟယ်...အဲ့ဒါနင့်သားလား ဆိုရီး...အရမ်းချောတာပဲ ကလေးက..."

"ဟယ်ရီး နင့်သားလေးကမှ ပိုချောတာ..."

မိဘတွေအချင်းချင်း သူတို့နှစ်ယောက်အား ဘယ်လောက်ချောကြောင်း နာရီဝက်လောက်နားထောင်လိုက်ရပြီမှ ဂျောင်ဂုနဲ့ထယ်ယောင်းလဲ ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်ကြလေသည်။

"ဆိုရီးရယ်...ဂျောင်ဂုလေး အစားတောင်းပန်းပါတယ်... မတော်တဆတိုက်မိတာ ဆိုပေမဲ့လဲပေါ့..."

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now