🌊3🌊

2.7K 150 10
                                    

Unicode

"စိတ်မပူပါနဲ့ ကျွန်တော်ခေါ်ထားပေးပါ့မယ်..."

"ဘယ်လို..."

"အန်တီတို့စီ ထယ်လေးက လိုက်မယ်မထင်လို့ပါ...ကျွန်တော်က ဆိုလ်းပြန်ရမှာလေ...တစ်ရက်တော့ထားခဲ့ကြည့်မယ် မရရင်ကျွန်တော် ခေါ်ထားပေးမယ်ပြောတာပါ..."

"အားနာစရာကြီး သားရယ်...ခုမှပြန်တွေ့တယ် ခုအလုပ်ရှုပ်အောင်လုပ်နေမိတာပဲ...အန်တီတို့က..."

"အားနာစရာမလိုပါဘူး...စိတ်ထဲမထားပါနဲ့...ဒါက ကျွန်တော့်ကြောင့် ခေါင်းထိခိုက်သွားတဲ့ ကလေးအတွက် ပြန်ပေးဆပ်တာလို့တာ တွေးလိုက်ပါ...အန်တီ..."

"ဟုတ်ပါပြီ သားရယ်..."

"လောလောဆယ်...အန်တီနဲ့အန်ကယ် မုန့်စားလိုက်ပါဉီးနော်...ကျွန်တော် ဟန်မင်းကို ဝယ်ခိုင်းလိုက်တာ..."

"ရပါတယ်...သားရယ်..."

"မရပါဘူး အန်ကယ်...စားပါ..."

ဂျောင်ဂုလဲ ထယ်ယောင်းမိဘတွေကို မုန့်စားခိုင်းလိုက်ပြီး ထယ်ယောင်းကို ကြည့်လိုက်တော့ စတော်ဘယ်ရီကိတ်တွေ ပေပွနေအောင် စားထားလေသည်။

"ထယ်လေးကလဲ...ပေပွနေတာပဲ စားထားတာက..."

"အဲ့တော့...ကိုကိုသုတ်ပေးလိုက်လေ..."

"ဟုတ်ပါပြီဗျာ..."

ဂျောင်ဂုလဲ ထယ်ယောင်းနှုတ်ခမ်းတစ်ဝိုက်ပေပွနေတာတွေကို သုတ်ပေးလိုက်လေသည်။

"လူနာရှင်ကောင်လေး...ဆရာနဲ့ခနလိုက်ခဲ​့ပေး..."

ထယ်ယောင်း နှုတ်ခမ်းကပေပွနေတာကို သုတ်ပေးနေရင်း အနောကိဖက်က ဆရာဝန်ခေါ်သောကြောင့် ထယ်ယောင်းကို ခနထားခဲ့ကာ ဆရာဝန်နောက်လိုက်ရလေသည်။

"ကောင်လေး လူနာကလေ ကလေးစိတ်ဖြစ်နေလိမ့်မယ်..."

"ကျွန်တော်ကို...သေချာပြောပြပေးပါလား ဆရာ.. ."

"ပြောရမယ်ဆို...အခုအဲ့ကောင်​လေးက သူ့မိဘတွေတောင် မမှတ်မိပဲ မင်းကိုပဲ မှတ်မိနေတယ်မလား...ပြီးတော့ချွဲတယ်မလား..."

"ဟုတ်တယ်ဗျာ...ကောင်လေးက အဲ့လိုတွေလုပ်တယ်..."

"သူက မင်းကတစ်ချိန်က အရမ်းသတိရခဲ့တာဖြစ်မယ်...သူစိတ်ထဲမှာ မင်းအမြဲလိုလိုရှိနေတယ်...ကောင်လေးမိဘတွေပြောပုံအရ ကောင်လေးအသက်၇နှစ်လောက်မှာမင်းနဲ့စသိပြီး...သူ့ဉီးနှောက်က အဲ့အချိန်ဝန်းကျင်ကိုခနခနစဉ်းစားနေမိတယ် အဲ့တော့ ကားတိုက်မိတဲ့အချိန် ခေါင်းထိသွားတော့ အတိတ်မေ့တာမှန်ပေမဲ့ ကောင်လေးက သူငယ်ပြန်တဲ့ဘက်ကို သွားပေမဲ့ သေချာကုပေးပီး ဂရုစိုက်ပေးမယ်ဆို နဂုိအတိုင်းပြန်ဖြစ်နိုင်ချေရှိတယ်...သေချာတော့ ဂရုစိုက်ပေးရမယ်..."

☾︎𝗠𝗲𝗲𝘁 𝗮𝘁 𝗕𝘂𝘀𝗮𝗻☽︎✔︎(Completed )Where stories live. Discover now