12

922 71 26
                                    

! UNICODE!

လူများစွာဖြင့်ရှုပ်ယှက်ခက်နေသော ခမ်းမထဲ၌ မထင်မှတ်ထားစွာဖြင့် Ji Woong လူတစ်ယောက်နှင့်တွေ့ဆုံခဲ့သည်။

သူ့ဘဝရဲ့တစ်သက်မမေ့နိုင်စရာမျက်နှာနှင့်လူက သူ့မျက်စိရှေ့ရုတ်တရပ် ထပ်မံပေါ်လာခဲ့လျှင်...မည်သို့များတုန့်ပြန်ရမည်နည်းဟု သူအကြိမ်ကြိမ်အခါအခါတွေးခဲ့ဖူး၏.....။

Ji Woong ရဲ့စိတ်ထဲ ငါးနှစ်တိုင်တိုင် ခိုအောင်းနေသော ခံပြင်းမှု၊မကျေနပ်မှု၊နာကြည်းမုန်းတီးများက အဘယ့်ကြောင့် ထိုလူ့မျက်နှာမြင်ရုံဖြင့် ပျောက်ကွက်သွားရသနည်း။

သူ... Ricky Shen သူ့ဆီကို ပြန်လာပြီး တောင်းပန်တယ်လို့ခဏခဏအိပ်မက်မက်ခဲ့တယ်...။

ယခု သူ့မျက်စိရှေ့၌ ပေါ်လာသော Ricky Shen မှာ အစစ်ပင်လော၊ဒါမှမဟုတ် သူ့အိပ်မက်ထဲက ပုံရိပ်ယောင်ပင်လော...Ji Woong မခွဲခြားတတ်တော့ပေ...

သူတို့နှစ်ယောက်စကားမပြောဘဲ အချိန်ဘယ်လောက်ကြာအောင် စိုက်ကြည့်နေမိမှန်းမသိ။Ji Woong အနားကို Lee Teakတို့အုပ်စု ရောက်လာမှပဲ အသိပြန်ဝင်တော့တယ်။

"Ji Woong မင်းကလည်းကွာ...လုပ်စမ်းပါ ဒီပွဲက ခဏနေကြရင် ပျော်စရာကောင်းလာမှာပဲကို...မင်းက ငါ့အမကို တစ်ယောက်ထဲ ထားခဲ့တော့မလို့လား....ပွဲပြီးမှ ပြန်ရအောင်လေကွာ...ငါတို့နဲ့ခဏတစ်ဖြုတ်တော့ လာ ကစားပေးအုန်းပေါ့"

အနောက်မှLee Teakက ရောက်လာပြီးJi Woong ပခုံးကိုလှမ်းပုတ်လိုက်သည်။

Lee Teakဘေးတစ်ဖက်မှာYe Chanကပါရှိနေပြီး နောက်ထပ်နံဘေးမှာရပ်နေတဲ့မိန်းကလေး‌ကိုတော့ Ricky မမြင်ဖူးပေ....

သူမက အနီရောင် Evening dress ဂါဝန်အရှည်ကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်တွေကိုတော့ အခွေအလိပ်လေးတွေအဖြစ် ပုံသွင်းထား၍ ပခုံးထက် ဖြန့်ကျထားတယ်....။မျက်ဝန်းတွေကထက်မြက်ပြီးတော့ ရဲတောက်နေသော နှုတ်ခမ်းနီဟာ သူမရဲ့သိမ်မွေ့ကျော့ရှင်းမှုကို ပြနေသည့်အလား.....

ထိုအမျိုးသမီးသည် Ji Woong ၏လက်မောင်းကို ရုတ်တရပ်ချိတ်လိုက်ပါ၏။ထိုခဏ Ricky မှင်သက်သွားမိကာ မသိလိုက်ပါပဲ...ချိတ်တွယ်ထားသော ထိုလက်များကိုသာ ငေးကြည့်နေမိ‌တော့သည်။

Fallin'Harder (Completed)Where stories live. Discover now