25

233 32 3
                                    

!UNICODE!

Quan Ruiအိပ်ပျော်နေတာ သုံး၊လေးရက်လောက်ရှိပြီဖြစ်သည်။ဆေးသွင်းချိန်နှင့်အိပ်ဆေးရှိန်ပြယ်သွားသည့်အခါ တစ်ချက်တစ်ချက် သတိရလာတတ်ပြီး.....ခဏတဖြုတ်မိန်းမောနေတတ်၏။ပြီးနောက် မျက်လုံးများတစ်ဖန်ပြန်မှိတ်ကျသွားတတ်ပြန်သည်။ဒီရက်ပိုင်းမှာ ရွေ့ရွေ့ဘေးနားမှ တစ်ဖဝါးမျှမခွာဘဲ Ji Woong အဖော်ပြုပေးနေခဲ့သည်။

Gyuvinနှင့်Yujinမှာ အတူတူလာတတ်ကြသော်လည်း...များသောအားဖြင့် ယူဂျင်းကသာတစ်နေကုန်နေဖြစ်သည်။ဆေးရုံတက်နေသောရက်တွေအတွင်း.....ဥက္ကဌShenက တစ်ခေါက်သာ လူနာသတင်းလာမေးဖူးသည်။‌သားအရင်းဖြစ်သည့်တိုင် အလုပ်ကိစ္စများလောက်အရေးကြီးသည်ဟု ထိုလူမှာမှတ်ယူထား‌ပုံမပေါ်။ထို့အပြင်...ဖခင်တစ်‌ယောက်အနေဖြင့် ဝမ်းနည်းနေသည့်အရိပ်အယောင်လည်း ထိုလူ့ဆီမှာရှိမနေချေ။

ဒီလိုအခြေနေမှာ ကားတိုက်မှုဖြစ်သည့်ယဉ်မောင်းနှစ်ယောက်စလုံးက အမျိုးမျိုးသောရလဒ်များဖြစ်နိုင်သည်။ဥပမာ-ဦးနှောက်သေသွားတာမျိုး၊အာရုံကြောထိခိုက်သွားတာမျိုးနှင့် ခြေလက်များဖြတ်ပစ်‌ရလောက်တဲ့အထိ အခြေနေများစွာ ဖြစ်နိုင်သည်။သို့သော်လည်း....ကံကောင်းစွာဖြင့် ချွမ်းရွေ့မှာ ထိုကဲ့သို့ တစ်သက်လုံးဒုက္ခိတဖြစ်သွားသည်ထိတော့မဆိုးသေးချေ။

မှန်ကွဲစများကြောင့် အသေးစားခွဲစိတ်မှုတစ်ခုနှင့် ဦးခေါင်းပြင်ပသွေးယိုစိမ့်မှုကြောင့်ခွဲစိတ်မှုတစ်ခုအပြင်....ပြင်းထန်စွာဆောင့်မိသည့်အရှိန်ကြောင့် နရိုးနှစ်ချောင်းအက်သွားခဲ့သည့်ဒဏ်ရာပဲရရှိခဲ့သည်။

"ရေ...အဟွတ်!..အဟွတ်!.."

ရုတ်တရပ် လူနာကုတင်ပေါ်မှ အသံတိုးဖျော့ဖျော့ကလေးကြားလိုက်ရသည်။ယနေ့ ချွမ်းရွေ့အား စာအုပ်ဖတ်ပြရန်အတွက် လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်အားထုတ်နေသော...ဂျီဝန်းလက်များ တုံ့ဆိုင်းသွားရသည်။သူအရမ်းကိုမှလန့်သွားမိပြီးနောက်....ဦးနှောက်၏လှုံ့ဆော်မှုကြောင့် ချက်ချင်း ရွေ့ရွေ့အနားကိုပြေးသွားမိသည်။Ji Woong တစ်ကယ့်ကိုပင်.... စိတ်နှင့်လူနှင့်မကပ်နိုင်သေးပါ။

Fallin'Harder (Completed)Where stories live. Discover now