24

200 40 7
                                    

!UNICODE!

မှုန်ဝါးနေတဲ့အတွေးတွေထဲမှာ ကလေးလေးတစ်ယောက်က ပုခုံးလေးတွေတသိမ့်သိမ့်တုန်ရီနေတဲ့အထိ ငိုနေခဲ့တယ်...။ဒူးနှစ်ဖက်အားပိုက်ကာ....ဘောလုံးလေးတစ်လုံးလို ကိုယ်ကိုကွေးထားပြီး မျက်နှာကိုလည်းဝှက်ထားသေးတယ်။

သူ့အဖေကပြောတယ်....

"မင်းကအစကတည်းက မွေးဖွားမလာခဲ့သင့်တာ"တဲ့....

ပြီးဝောာ့ ပတ်ဝန်းကျင်ကလည်း သနားတဲ့အကြည့်တွေနဲ့သူတို့သားအမိနှစ်ယောက်ကို လှောင်ပြောင်ချင်နေကြတယ်။သူသိတာပေါ့...ဘာမှနားမလည်တဲ့ကလေးတစ်ယောက်ကတောင်...ကြောက်စရာကောင်းတဲ့ သူတို့အတွေးတွေကိုနားလည်နိုင်တဲ့အထိ သူတို့တွေက အရမ်းကိုမှ စာနာစိတ်ကင်းမဲ့လွန်းကြတယ်။ ပြီးတော့ သူတို့ပါးစပ်ကနေလည်း...အချိန်တိုင်းပြောနေခဲ့တာ...

"အမလေး..သနားစရာကောင်းတဲ့ကလေးလေး....ဖအေက နောက်အိမ်ထောင်နဲ့သူတို့သားအမိနှစ်ယောက်ကိုပစ်သွားတယ်လေ! မအေကလည်းတစ်ခြားနိုင်ငံကနေလာခဲ့တာ...ငါတို့မိခင်ဘာသာစကားကို လေးလုံးကွဲအောင်တောင်မပြောတတ်ဘူးတဲ့!...နုံအလိုက်တဲ့မိန်းကလေးဟယ်! မိုက်မဲလိုက်တာ လွန်ရော!!!" 

အတန်းဖော်တွေကလည်း သူကို အနိုင်ကျင့်ကြတယ်။

"ဟားဟား!! အဲ့ကောင်နားမကပ်နဲ့!! သူကမိဘမဲ့ကွ! သူ့အဖေကသူ့ကိုမလိုချင်လို့ပစ်သွားတာ! သူ့မျက်နှာကိုကြည့်လိုက်အုန်း...ဘယ်ဥကပေါက်လာတာမှန်းမသိဘူး ရုပ်ဆိုးလိုက်တာ!! မင်းတို့သူ့အနားကပ်ရင် သူ့ဆီက ကံဆိုးမှုတွေအကုန် မင်းတို့ဆီကိုပါကူးလာလိမ့်မယ်!!"

သူ့မှာငယ်ငယ်ကတည်းကသူငယ်ချင်းဟူ၍ မရှိခဲ့။ဆရာတွေကအစသူအနိုင်ကျင့်ခံရတာကို မသိချင်‌ယောင်ဆောင်ပြီး လက်ပိုက်ကြည့်နေကြတယ်။တစ်နေ့အဲ့ဒီ့အကြောင်းကို မားသိသွားတော့....အလုပ်ကနေကျောင်းကိုရောက်လာပြီး တစ်ကျောင်းလုံးနဲ့ရန်ဖြစ်ခဲ့တာ.....

သူအရမ်းလန့်သွားတာပဲ! သူ့အမေက သူမပြောနိုင်တဲ့စကားလုံးတွေနဲ့ ဆရာတွေကိုလက်ညှိုးထိုးအပြစ်တင်ပြီး သူ့အရှေ့ကနေ တစ်ယောက်ထဲရပ်တည်ပေးခဲ့တယ်လေ....ဒါပင်မဲ့ အိမ်လည်းရောက်ရော သူမရဲ့ရဲရင့်မှုတွေ၊သူမရဲ့သတ္တိတွေက အကုန်လုံးပျောက်ကုန်တယ်...

Fallin'Harder (Completed)Where stories live. Discover now