27 (Final)

281 39 12
                                    

!UNICODE!

Christmasပွဲတော်အား အတူတူကျင်းပကြရန် Shenမိသားစုဝင်တိုင်းမဖြစ်မနေလာကြဖို့ အဖိုးကြီးShenကအမိန့်ထုတ်ထားလေသည်။ထို့ကြောင့်....ထိုနေ့၌ Shen Min Jooတို့သားအဖမှလွဲ၍ အဖိုးကြီးရှန်အမိန့်အားမလွန်ဆန်ဝံ့ဘဲ Shenမိသားစုဝင်တိုင်း လာရောက်ကြရသည်။

ချွမ်းရွေ့အလုပ်ထွက်တာကို သူ့အဖေသိသွားပြီးနောက်....လုံးဝသဘောမတူနိုင်ကြောင်းဥက္ကဌShenကပြောလာခဲ့သည်။နောက်ပြီး...ချွမ်းရွေ့ကိုလည်းတအားဒေါသထွက်နေပုံရ၏။အခုဆိုရင်...သူ့အဖေနဲ့ အတွင်းရေးမှူးမ‌တို့ဇာတ်ရှုပ်ကလည်းပြီးသွားပြီဖြစ်ပြီး ဥက္ကဌShenက သူမကို ထိုကိစ္စ၌ပါဝင်ပတ်သတ်နေတာကြောင့်...ချက်ချင်းပဲကန်ထုတ်ပစ်လိုက်သည်။

ဥက္ကဌShenအတွက် လက်ညှိုးလှုပ်ရုံဖြင့် အစဆုံးလုပ်ပေးမည့် အတွင်းရေးမှူးမရှိတော့သည့်အပြင်....အမွေဆက်ခံရန်ရည်ရွယ်ထားတဲ့သားကလည်း သူ့သားအရင်းမဟုတ်မှန်းသိခဲ့ရပြီးပြီမို့...... ဥက္ကဌShen၌ ချွမ်းရွေ့တစ်ယောက်တည်းသာ အားထားစရာရှိတော့သည်။စိတ်မကောင်းစရာပင်....ချွမ်းရွေ့ကတော့ ဥက္ကဌShen၏အသုံးချခံလူအဖြစ် ထပ်ပြီးပူးပေါင်းပါ‌ဝင်တော့မည်မဟုတ်ပေ....

"Merry Christmas အန်တီHan!!။ ချီချီရော...?"

မီးဖိုချောင်ထဲ၌ ပန်ကိတ်ဖုတ်နေသော အန်တီHanက သူ့ကိုရုတ်တရပ်တွေ့လိုက်ရတာမို့ အံ့ဩသွားပြီးနောက်...ချက်ချင်းရယ်ပြကာ...

"Merry Christmasပါကွယ်။ချီချီက သူ့အဖိုးနဲ့အပေါ်ထပ်မှာ ဆော့နေလေရဲ့...."

အဖိုးကြီးShen ကချီ့ချီ့အားအရမ်းချစ်ကာအလိုလိုက်လေသည်။အမြဲတမ်းလည်းShenအိမ်တော်ကိုအလည်ခေါ်ကာဆော့ခိုင်းလေ့ရှိပြီး....မုန့်ဖိုးတွေအများကြီးကိုလည်းပေးတတ်သေး၏။ချီချီကလည်း အတတ်လေးဖြစ်တာမို့ မြင်တဲ့လူတိုင်းကချစ်ကြပေသည်။အခုလည်း မြေးအဖိုးနှစ်ယောက်တည်း ဘာတွေများ ဆော့နေကြသလဲမသိ....အခုထိ အောက်ဆင်းမလာကြသေးပေ။

"ကျွန်တော် ကူပေးဖို့လိုသေးလား?"

"မလိုတော့ပါဘူးကွယ်....ဒါနဲ့...Ji Woongရောမပါလာဘူးလား?"

ချွမ်းရွေ့ ဂုတ်ပိုးအားပွတ်သပ်လိုက်မိပြီး...ဒီတိုင်းသာရယ်ပြလိုက်သည်။ဂျီအွန်း မလိုက်လာတာကိုပဲချွမ်းရွေ့ကျေးဇူးတင်ရမည်။ဒီမိသားစုကြီးထဲ...သူJi Woongကိုမဝင်ခိုင်းချင်သလို...Quan Ruiလည်း ရုန်းထွက်ချင်လှပြီဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jul 21 ⏰

Add this story to your Library to get notified about new parts!

Fallin'Harder (Completed)Where stories live. Discover now