22

296 34 13
                                    

!UNICODE!

Shen Min Jeonက7ရက်တိတိစောင့်ဆိုင်းခဲ့သော်လည်း....ဘာမှမထူးခြားလာသောကြောင့် နောက်ဆုံးအနေဖြင့် မီဒီယာတွေကိုအသိပေးရန် သူတို့တွေဆုံးဖြတ်လိုက်ကြသည်။ ချွမ်ရွေ့ဒီနေ့ ကုမ္ပဏီသို့သွားစရာမလိုဘဲ အားလပ်ရက်အဖြစ် အိမ်ထဲ၌သာတစ်ယောက်ထဲ သောင်တင်နေ၏။

သူဖုန်းလေးဟာ ရုတ်တရက် တုန်ခါလာပြီးနောက် အဆက်မပြတ်ဖုန်းမည်သံဟာ ဧည့်ခန်းတစ်ခုလုံးကိုပါ လှုပ်ခါလိုက်သလို ကျယ်လောင်လွန်းလှသည်။သူ မကိုင်မချင်း မြည်နေတာကြောင့် ချွမ်ရွေ့ကိုင်လိုက်ရပြီး....ခေါ်ဆိုသူမှာတော့ သူ့အဖေဖြစ်နေခဲ့သည်။

"ဟယ်လို?"

"အင်း ဘာဖြစ်လို့လဲ?"

"ရှန်ချွမ်းရွေ့ အကုန်ပြဿနာတက်ကုန်ပြီ။မီဒီယာတွေလက်ထဲအဲ့ပုံတွေရောက်သွားပြီ....."

"ဟမ်? ဘာဖြစ်တယ်"

ချွမ်းရွေ့ခဏလောက် ကြောင်အသွားပြီး ခေါင်းကိုရေခဲရေဖြင့်လောင်းချခံလိုက်ရသလို ခြေဖျားထိပင် အေးစက်သွားရသည်။ရုတ်တရပ်သူ့ခေါင်းထဲ၌ တဝီဝီအချက်ပေးသံများဖြင့်ပြည့်နှက်နေပြီး...ထုံအသွားသလိုလည်းခံစားမိသည်။

"မင်းလုံးဝအိမ်ထဲကနေအပြင်မထွက်နဲ့....ပြီးတော့ မင်းဖုန်းနံပါတ်ကိုလည်းပြောင်းလိုက်တော့။မီဒီယာတွေကမင်းရဲ့ဖုန်းနံပါတ်တွေကိုပါရသွားတာ...ငါပြောတာကြားလား?  အခုကုမ္ပဏီက အရမ်းဖရိုဖရဲဖြစ်နေပြီ.....Mr.Kimဘက်က ဒီ24နာရီအတွင်း နောက်ကွယ်ကလူကိုငါတို့သိရလိမ့်မယ်ပြောတယ်...မီဒီယာတွေဆီကို အချက်လက်တွေ ဘယ်အထိရောင်းစားထားလဲ ငါတို့မသိနိုင်ဘူး။ဒါကြောင့်မင်းလုံခြုံရေးကိုလည်း အထူးဂရုစိုက်သင့်တယ်။ခဏနေရင်...မင်း‌ဆီကို ယူဂျင်းလာပေးလိမ့်မယ်။အတတ်နိုင်ဆုံးအပြင်မထွက်ပါနဲ့"

"...အင်း။ကျွန်တော်..သိပြီ"

"ချွမ်းရွေ့...ဒီရက်ပိုင်း ငါတို့တွေအလုပ်အရမ်းများနိုင်တယ်။မီဒီယာတွေရှေ့ရင်ဆိုင်ဖို့ကို မင်းအသင့်ပြင်ထားပါ။နောက်ပြီး စာထုတ်ပြန်ဖို့နဲ့ တရားစွဲဖို့ သက်ဆိုင်ရာအဖွဲ့စည်းတွေနဲ့တွေ့ရလိမ့်မယ်"

Fallin'Harder (Completed)Where stories live. Discover now