21

210 26 11
                                    

[အားလုံးကိုတောင်းပန်ပါတယ်...မနေ့က part21နဲ့22ကိုမှားအပ်မိလိုက်လို့ပါ😭။ဒီအပိုင်းလေးဖတ်ပြီးမှ...ရှေ့ကအပ်ခဲ့တဲ့ 22ကိုပြန်ဖတ်လိုက်ကြနော်🙏🏻]

!UNICODE!

သာယာအေးချမ်းလှသောနံနက်ခင်း၏နေရောင်ခြည်နွေးပျပျက ပြတင်းပေါက်မှကျော်လွန်၍ Kim Ji Woong ရဲ့မျက်ခွံများအပေါ်သို့ဖြာကျလာသောအခါ....နှိုးထဖို့အတွက်အချိန်ရောက်လာပြီမှန်း သူသိလိုက်ပြီဖြစ်သည်။

မျက်လုံးများကိုမဖွင့်သေးမှီ အကျင့်အတိုင်း ကုတင်ဘေးတစ်ဖက်အား လက်ဖြင့်စမ်းကြည့်မိတော့ အေးစက်နေသော မွှေ့ယာ၏ရေမြုပ်ဂွမ်းအထိတွေ့ကိုသာခံစားလိုက်ရတာကြောင့် ချက်ချင်းပင် Kim Ji Woong မျက်ဝန်းများကိုဖွင့်လိုက်တော့သည်။....သူ့ဘေးတွင်ရှိနေသင့်သည့်သူကရှိမနေဘဲ လွတ်နေသော ထိုအိပ်ရာနေရာအား မှင်သေသေဖြင့်ကြည့်လိုက်ပြီး ခဏအကြာ မိမိနှုတ်ခမ်းကြီးမှာမသိမသာပင်ဆူလာလေတော့၏။

အစောကြီးထပြီး ဘယ်သွားတာလဲ?
သူ့ကိုတောင်မနှိုးသွားဘူး! 
morning kissလေးတောင်မပေးသွားဘူး!
ဖြစ်သင့်ရဲ့လား???

သူအိပ်ရာပေါ်မှ ‌မကျေမချမ်းထကာ မိမိအားမကျေမနပ်ဖြစ်စေသော လက်သည်တရားခံလေးအား လိုက်ရှာရန်ပြင်လိုက်သည်။သိူ့သော် ကုတင်ဘေး၌တင်ထားသော....သူ့ဖုန်းမှာ ရုတ်တရပ်ကြီး အသံမြည်လာ၏။ဖုန်းခေါ်ဆိုသူမှာ Kim Ji Woongရဲ့အဖေဖြစ်နေတာမို့....သူမကိုင်လို့လည်းမရတော့ပေ....

"ဟယ်လို?"

ဖုန်းကိုင်ကိုင်ချင်းတစ်ဖက်ကသူ့သား၏မသာမယာဖြစ်နေသောအသံအားဥက္ကဌKimကြားပြီး မျက်မှောင်ကြုံ့လိုက်မိသည်။

"မင်းအသံကဘာဖြစ်နေတာလဲ? ဘယ်သူနဲ့ရန်ဖြစ်ထားလို့လဲ?"

"ဘယ်သူနဲ့မှရန်မဖြစ်ရသေးဘူး။ခုမှစဉ်းစားနေတုန်း....အဖေက ကျွန်တော်နဲ့တူတူ ရန်ဖြစ်ပေးချင်လို့မေးနေတာလား?"

သူ့သားဖြေပုံကိုကြားကာ နဂိုကတည်းကတိုးချင်နေသောသွေးများ ယခုတော့ဖြင့်ငယ်ထိပ်သို့ ဆောင့်တက်ကုန်ပြီလား‌သူလည်းမပြောတတ်တော့ပေ။

"တော်ပြီ! လိုရင်းကိုပဲပြောမယ်.....။
မနေ့ကတင် ငါ့ဆီကို လူတစ်ယောက်က Shenအိမ်ကိုပို့ခဲ့သလိုမျိုး ဓာတ်ပုံတွေကိုတစ်ပုံစံထဲပို့လာတယ်"

Fallin'Harder (Completed)Where stories live. Discover now