!UNICODE!
အသစ်ထပ်မံရရှိလာသောသက်သေများကို ရှေ့နေထံသို့အကုန်ပေးပို့ပြီးနောက် တရားရင်ဆိုင်ရမည့်ရက်သို့ လျှင်မြန်စွာပင် ရောက်ရှိလာတော့သည်။
သာမာန်တနင်္လာနေ့နံနက်ပိုင်းဖြစ်သော်လည်း....တရားရုံးပြင်ပတွင် သတင်းထောက်အများအပြားအပြင် လာရောက်ကြည့်ရှု့ကြသောလူပေါင်းများစွာဖြင့် ရှုပ်ယှက်ခက်ကာ ဆူညံနေပြီဖြစ်သည်။မကြာမှီ ထောင်ကားကြီးတစ်စီးဆိုက်ရောက်လာပြီး....တရားရုံးဝန်းအတွင်းသို့ ဖြည်းညှင်းစွာဝင်သွား၏။သတင်းထောက်များနှင့်မီဒီယာများ၏ဓာတ်ပုံတဖြတ်ဖြတ်ရိုက်သံနှင့် ကင်မရာမှထွက်လာသော မီးအလင်းရောင်များဟာ ပတ်ဝန်းကျင်အား အင်မတန်မှ အနှောင့်ယှက်ပေးလှပေသည်။ထို့အပြင် လူပေါင်းများစွာ၏အော်ဟစ်ဆဲဆိုသံများကလည်း ကြားရသူအဖို့ စိတ်မချမ်းမြေ့စရာပင်.......
Lee Teakနှင့်Lee Hae Miတို့မောင်နှမနှစ်ယောက်ကို ယူနီဖောင်းအပြည့်ဝတ်ဆင်ထားသောထောင်ထောင်မောင်းမောင်းလူကြီးနှစ်ယောက်က လက်ထိပ်ခတ်ကာ တရားသူကြီးရှေ့မှောက်သို့ဆွဲခေါ်လာခဲ့သည်။ပြစ်ဒဏ်အားမချမှတ်သေးသော်လည်း ယာယီထောင်ထဲ၌ ဖမ်းစီးထိန်းသိမ်းထားတာမို့ သူတို့မောင်နှမနှစ်ယောက်စလုံးက တူညီသည့်ထောင်အဝတ်အစားများကိုဝတ်ဆင်ထားကြသည်။ နှစ်ယောက်စလုံးမှာ ရက်အတော်ကြာအိပ်ရေးပျက်ပြီးစိတ်ဖိစီးမှုဒဏ်အားအလူးအလဲခံစားခဲ့ရပုံပင်....၊ချိုင့်ဝင်နေသောမျက်တွင်းများနှင့်ခြောက်သွေ့အက်ကွဲနေသောအရေပြားများက...ကြည့်ရတာနဲ့တင် လန့်စရာကောင်းလှသည်။
"Quan Ruiမလာသေးဘူးလား?"
ဥက္ကဌKimက သူ့သားပုခုံးအားပုတ်ကာမေးလိုက်တော့မှ...လက်ပတ်နာရီအားတစ်ချိန်လုံးငုံ့ကြည့်နေသော Kim Ji Woong ချက်ချင်းသူ့အဖေအားမော့ကြည့်လာသည်။
"လာနေပြီပြောတယ်...."
"ဒါဆို အဖေအထဲဝင်နှင့်လိုက်တော့မယ်နော်။မင်းတို့နှစ်ယောက်ခဏနေမှ ဝင်လာခဲ့လိုက်ပေါ့"
"အင်း"
ထို့နောက်သူ့အဖေက အားပေးသလို လက်မောင်းအားနှစ်ချက်ပုတ်လိုက်ပြီးနောက်...တရားရုံးဝင်ပေါက်ထဲသို့ဝင်သွားခဲ့သည်။Ji Woongလည်းသုံးခေါက်မြောက် ချွမ်းရွေ့ဖုန်းနံပါတ်အား ထပ်နှိပ်လိုက်၏။ချက်ချင်းပင် ဖုန်းကတန်းဝင်သွားပြီး.. တစ်ဖက်က အလောတကြီးဖြစ်နေသော ချွမ်းရွေ့အသံလေးအားကြားလိုက်ရတော့မှ သူရင်ထဲနည်းနည်းနေလို့အဆင်ပြေသွားသည်။ထိုမှမဟုတ်လျှင်...သူ့ရင်ထဲ၌ တစ်စုံတစ်ခုလစ်လပ်နေသလို နေရခက်လှသည်။
YOU ARE READING
Fallin'Harder (Completed)
Fanfiction• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke