🤍 IF I ' M Ever Gonna Fall In Love 🤍
ep(17)
မနက်စာ စားဝိုင်းမှာ လူစုံတဲ့ဆို နွေးက ကော်ဖီလိုက်ငှဲ့ပေးသည် ။ ဒေါ်လေးကျန်ကတော့ မုန့်ပန်းကန်တွေ ပြင်ပေးပြီး ဟင်းချက်ဖို့ရန် မီးဖိုခန်း ဝင်သွားသည် ။
" မေမေ ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား "
ရှောင်ကျန့်ကတော့ အေးဆေးကော်ဖီသောက်နေပြီး လော်ကွတ်ချော်နေတဲ့ သားလိမ်မာက သူ့အမေကို မေးတော့ ပါးချိုင့် နက်နက်ကြီးတွေ ပေါ်သည်ထိ ပြုံးကာ ဖြေသည် ။
" ကောင်းပါ့သားရယ် ညက သားမေမေ့ခြေထောက်တွေ လာနှိပ်ပေးတော့ အတော်လေး သက်သာပြီး အိပ်လို့ကောင်းတာ "
သူ့မေမေစကားကြောင့် ဘေးက လူက ခပ်သဲ့သဲ့ပြုံးကာ
" ဒါဆို ကျနော်က နေ့တိုင်း လာနှိပ်ပေးမှာပေါ့ မေမေ "
ဟု ထပ်မံပျူငှာလေရဲ့ ။
" ရပါတယ် သားရယ် နွေးလည်း နေ့တိုင်းနှိပ်ပေးနေတာဘဲ မေမေသက်သာပါတယ် သားသာ ကောင်းကောင်းနာပါ "
" ဟုတ်ကဲ့မေမေ ... ကလေး ဒါလေးစားကြည့် အာ ''
ကိုက သူ့မေမနဲ့ စကားပြောရင်း ကိတ်မုန့်သေးသေးလေးကို ဖဲ့ပြီး သူ့ပါးစပ်ထဲ ခွံ့လာသည် ။ ရှောင်ကျန့်မှာ နွေးနဲ့ မေမေ့ကို အသာကြည့်ပြီး ပါးစပ်ဟလိုက်သည် ။
" ကောင်းတယ် ကို ဒေါ်လေးကျန် လုပ်တာမှ ဟုတ်ရဲ့လားလေ "
ရှောင်ကျန့်က ရယ်ရွှမ်းရွှမ်းနဲ့ နွေးဘက် လှည့်မေးလာတော့ နွေးကလည်း အားတက်သရော ဖြေဖို့ လုပ်တယ်
" ဟုတ်တယ်ရှင့် ကိုလေး အတာလေ နွားနို့စစ်စစ်နဲ့ အိမ်ကြက်ဥနဲ့ လုပ်ထားတာ ကိုလေးရဲ့ သကြားလည်း သိပ်မထည့်ထားတော့ စိမ့်စိမ့်လေး တအားစားကောင်းတယ်မလား "
" နွေး ညဥ်းကြော်ငြာရိုက်နေတာလား "
" မဟုတ်ပါဘူး မေမေကြီးကလည်း ပြောပြတာကို "
" တော် တိတ် ငါသားနဲ့ စကားပြောစရာ ရှိသေးတယ် "
" ဟွင့် "
![](https://img.wattpad.com/cover/349842215-288-k42132.jpg)
YOU ARE READING
🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfiction🤍 အချစ်ဆိုတဲ့ အရာက ချစ်ခွင့်ရနေသ၍တော့ ပျော်စရာ ကောင်းနေအုံးမှာပါ 🤍