🤍 IF I 'M Ever Gonna Fall In Love 🤍
ep(16)
" ဟို .. အခြေနေလေး "
တိတ်ဆိတ်နေတဲ့ အခန်းတွင်းမှာ လူ2 ဦးဘဲ ရှိတာတောင် ရှောင်ကျန့်ရဲ့ အသံက ခပ်တိုးတိုးလေးရယ်သာထွက်လာပြီး မျက်လွှာလေးလည်း အောက်ချထားသည် ။ ခုံအောက်မှာတော့ ရှောင်ကျန့်ဟာ သူရဲ့လက်ချောင်းသွယ်သွယ်လေးတွေကို လိမ်ယှက်နေတာ ပြောရမယ်ဆိုရင် သူရှက်နေတာ ။
" အခြေနေက ကောင်းပါတယ် သားရယ် အမျိုးသားက ခွင့်ပြုတယ်ဆိုရင်တော့ ယူလို့ရပါပြီ "
ရှောင်ကျန့်ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးက အောက်ဆိုက်နေရာကနေ မျှော်လင့်ချက် များစွာနဲ့ ရှေ့က ဆရာမကြီးကို ကြည့်မိသည် ။ အမျိုးသားက ခွင့်ပြုမှတဲ့လား သူကို့ကို ဘယ်လိုပြောရမှာလဲ ကိုကရော ခွင့်ပြုမှာလား ။ သူကြိုးစားထားတာတွေ အလကားမဖြစ်ချင်ဘူး ကို့ကို တကယ်ကို မိသားစု ဘ၀လေး ပေးချင်တာ ။
ကို့ကို မပြောဘဲလုပ်တဲ့အရာမို့ ကိုသိရင် စိတ်များဆိုးမလား စတဲ့ အတွေးပေါင်းစုံက ရှောင်ကျန့်ရဲ့ ခေါင်းထဲ အစီရီ ဝင်လာတယ် သူဘာလုပ်သင့်လဲ ။ အတွေးများနေတဲ့ ရှောင်ကျန့်ကြောင့် ရှေ့က ဆရာမကြီးက စကားဆက်လာတယ်
" အမျိုးသားကိုလည်း တခါလောက်ခေါ်လာခဲ့ပါ သူ့ကိုပါ စစ်ကြည့်ပြီးရင်တော့ ကလေးယူလို့ ရပါပြီရှင် "
" ဟို ကို့ကို မစစ်ဘဲရော ယူလို့ မရဘူးလားဟင် "
" အမျိုးသားက ကျန်းမာရေး ကောင်းတယ်ဆိုရင်တော့ ရပါတယ် ဆရာမကြီး ပြောချင်တာက .."
" သူကျန်းမာရေးကောင်းပါတယ် ကိုက အဲ့ဒီကိစ္စတွေမှာ အရှုပ်ရှင်း မရှိပါဘူး "
ခပ်တိုးတိုးဆိုလာပေမဲ့ ထိုကောင်လေးက သူ့အမျိုးသားအပေါ်မှာတော့ အပြည့်၀ယုံကြည်မှုရှိသည့်ပုံ ။
" သိပါပြီ ဒါနဲ့ သားမမ ပြောတာတော့ သားကလည်း ဆရာဝန်ဘဲဆို "
" ဟုတ်ကဲ့ ဆေးကျောင်း နောက်ဆုံးနှစ်ပါ "
" အော် သိပ်တောင် မလိုတော့ဘူးဘဲ 2 လောက်ဆို ကျောင်ပြီးတော့မှာဆိုတော့ သားကိုလည်း အလောက်မှဘဲ ကိုယ်ဝန်ဆောင်စေချင်တယ် ဘာလို့လဲဆိုတော့ သားရဲ့ အမျိုးသားက အကဲပိုတတ်တဲ့ လူဆိုရင် ကိုယ်ဝန်ကြောင့် ကျောင်နားရမယ် ဘာညာ ပြောလာနိုင်တယ်လေ "
![](https://img.wattpad.com/cover/349842215-288-k42132.jpg)
ESTÁS LEYENDO
🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🤍 အချစ်ဆိုတဲ့ အရာက ချစ်ခွင့်ရနေသ၍တော့ ပျော်စရာ ကောင်းနေအုံးမှာပါ 🤍