🤍 IF I'M Ever Gonna Fall In Love 🤍
ep(11)
ရှောင်ကျန်တို့ ခြံ၀န်းလေးက မြို့အစွန်မှာ သီးသန့်ရှိနေတာ ဖြစ်သည် ။ မိသားစုဝင်အားလုံးက အေးချမ်းတိတ်ဆိတ်တာကို သဘောကျလို့ အားလုံး အလိုကျ ပါးပါးက ဝယ်လိုက်ခြင်းဖြစ်သည် ။ လာဗင်ဒါ ပန်းခင်းကြီးက အရင်ခြံဝယ်ကလည်းက ရှိနေတာမို့ အိမ်ဆောက်တော့လည်း မပျက်စီးစေဘဲ အိမ်ကိုသာ အရှေ့တိုးဆောက်လိုက်သည် ။ ခြံရဲ့ အစွန်းဘက်တွေမှာ နွယ်ပင်တွေ လိမ်ယှက်ကာ လှလှပပ ရှိနေပြီး တချို့နေရာတွေမှာဆို နွယ်ပန်း အဖြူရောင်လေးတွေတောင် ပွင့်နေသည် ။ အနံ့မရှိပေမဲ့ တကယ်ကို လှသည် ။
ရှောင်ကျန့်က မမလက်ကို ဆွဲလာပြီး လာဗင်ဒါ ပန်းခင်းကြီးရဲ့ ဘေးမှာ ထီးထီးမားမား ရှိနေတဲ့ ကနစို ပင်ကြီးရဲ့ အောက်က ခုံးတန်းလေးမှာ ၀င်ထိုင်လိုက်ကြသည် ။ ဒီနေရာမှာ သူတို့ မောင်နှမ ငယ်ငယ်ကဆော့နေကြ ခုတော့ဖြင့် တာဝန်ကိုယ်စီနဲ့မို့ ဒီနေရာလေးကို မလာဖြစ်တာတောင် ကြာနေပြီ
" ဒီကလေး ဘာပြောမို့တုန်း "
မမက ထိုင်ခုံမှာ ဝင်ထိုင်ရင်း သူ့လက်ကို ဆုတ်ကိုင်ထားတဲ့ အငယ်လေးရဲ့ လက်ဖမိုးလေးကို ခပ်ဖွဖွ ရိုက်ပြီးပြောလိုက်သည် ။ တချိန်လုံး ယောကျ်ားနား ကပ်နေတဲ့သူက ခု ယောကျ်ားနဲ့ ခွာလာတယ်ဆိုတော့ နဲနဲတော့ အံ့သြတာပေါ့
" မမကို ပြောစရာ ရှိလို့ အာ ပြောစရာ ရှိတာထက် တိုင်ပင် ချင်တာပါ "
" အောင်မယ်လေး ကျမနဲ့ တိုင်ပင်မယ် မင်းယောကျ်ားက ကျမကို ရိုက်နေပါအုံးမယ် "
မမက နောက်ရွတ်ရွတ် ပြောလာတော့ ရှောင်ကျန့်တောင် လိုက်ရယ်မိလိုက်သေး မမက ဆရာဝန် ဖြစ်ပြီး နဲနဲတောင် မျက်နှာမတည်ဘူး တော်ပါသေးရဲ့ အတာတောင် စစ်ဗိုလ်နဲ့ ရလို့
" သားတကယ် ပြောမှာ "
အငယ်လေးရဲ့ ပုံစံက အတည်ပြောစရာ စကား ရှိတဲ့ ပုံကြောင့် မမက မနောက်တော့ဘဲ ကလေးငယ်ရဲ့ စကားကိုဘဲ အာရုံစိုက်လိုက်သည် ။
" ပြောပါရှင် ပြောပါ "
" သား ... သား ဆေးအကူနဲ့ ကလေးယူရင် ကောင်းမလားလို့ "
![](https://img.wattpad.com/cover/349842215-288-k42132.jpg)
ESTÁS LEYENDO
🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🤍 အချစ်ဆိုတဲ့ အရာက ချစ်ခွင့်ရနေသ၍တော့ ပျော်စရာ ကောင်းနေအုံးမှာပါ 🤍