🤍 IF I ' M Ever Gonna Fall In Love 🤍
ep(23)
ကျယ်ဝန်းလှတဲ့ ဧည်ခန်းထဲမှာ ရှိနေတဲ့ လူတစုဟာ တယောက်အသက်ရှူသံ တယောက်ကြားရတဲ့ထိ တိတ်ဆိတ်နေလျှက် ။ ရှောင်ကျန့်က စိတ်လှုပ်ရှားလွန်းလို့ သူ့ရဲ့လက်တွေကို အချင်းချင်းပွတ်ချေနေတာကြောင့် ဘေးက ကိုက တည်ငြိမ်စွာဘဲ သူ့လက်တွေကို ဆွဲယူဆုတ်ကိုင်ထားသည် ။
ရှေ့က ကို့မေမေဆိုသူရဲ့ မျက်လုံးတွေကတော့ ရှောင်ကျန့်တယောက်ထဲကိုဘဲ ဦးတည် စိုက်ကြည့်နေသည် ။
"အန်တီ့သားက ရှေ့နေတယောက်ဆိုတာ သိတယ်မလား "
ပထမဆုံးထွက်လာတဲ့ စကားသံက ကို့မေမေဆီက ။ ရှောင်ကျန့်ကိုဘဲ ကြည့်ပြီး မေးလာတာမို့ ရှောင်ကျန့် ခေါင်းသာ အသာငြိမ့်ပြလိုက်သည် ။
" သားက မကြာသေးခင်ကမှ နိုင်ငံခြားမှာ ဘွဲ့လွန်တက်ပြီး ပြန်လာတာ သားက မင်းကိုသဘောကျတဲ့ အကြောင်း ပြောထားတာတော့ ကြာပြီ "
ရှောင်ကျန့်ကတော့ ခေါင်းသာ ထပ်ငြိမ့်မိသည် ။ သူဘာပြန်ရမလဲ တကယ်မသိဘူး ။
" အန်တီက သားကို မင်းကျောင်းပြီးတဲ့ထိ စောင့်ဖို့ ပြောတာကို အဲ့ဒီလူမိုက်က မင်းကို ညက သွားခိုးလာတယ် ဒါမဲ့ အဲ့ဒါလည်း မင်းဘက်က အလိုတူမှ ဖြစ်တာ မလား အန်တီ့သား တယောက်ထဲရဲ့ အမှားတော့ မဟုတ်လောက်ဘူး ဟုတ်တယ်ဟုတ် "
" မေမေ "
ကို ခေါ်လိုက်တော့ ကို့မေမေက လက်ကာပြတယ် ဘာမှ မပြောနဲ့အုံးဆိုတဲ့ သဘော ။
" ဆိုလိုရင်းကရော ဘာလဲ အန်တီ "
ဒီစကားတော့ ရှောင်ကျန့် ပြောလိုက်ခြင်းပါ သူမပြောတဲ့ပုံစံက သူကဘဲ အရမ်းယွပြီး သူမသားနောက်လိုက်လာသလိုလို
" ပြောချင်တာကကွာ မင်းအသိုင်းဝိုင်းမှာ သားက တောင်းရမ်းလက်ထပ်မယူနိုင်လို့ ခိုးယူတာလို့ မထင်စေချင်တာ သဘောပေါက်လား "
" ကျနော့်အသိုင်းဝိုင်းက လူတွေက အလောက်ထိ ဇီဇာမကြောင်ပါဘူး အန်တီ ကို ရှေ့နေဖြစ်တာ မဖြစ်တာ ပြီးတော့ ချမ်းသာတာ ဆင်းရဲတာ ဒါတွေ အားလုံး စိတ်မဝင်စားပါဘူး အဓိကက ဝမ်ရိပေါ်က ဝမ်ရိပေါ်ဖြစ်နေလို့ ချစ်နေရုံဘဲ "
VOUS LISEZ
🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfiction🤍 အချစ်ဆိုတဲ့ အရာက ချစ်ခွင့်ရနေသ၍တော့ ပျော်စရာ ကောင်းနေအုံးမှာပါ 🤍